တခါတုန်းက ဆရာဝန်တစ်ယောက်ဟာ အရေးပေါ် ခွဲခန်းကနေ
အရေးပေါ်ခေါ်ယူခြင်းခံရတဲ့အတွက် ဆေးရုံကို ချက်ချင်းရောက် လာခဲ့တယ် ။ သူဟာ
ဖုန်းကို အမြန်ပြောပြီး အ၀တ်အစားလဲ ပြီးနောက် ခွဲစိတ်ဆောင်ထဲကို အလျှင်
အမြန်ဝင်သွားခဲ့တယ် ။ နံရံကိုမှီပြီးဆရာဝန်အလာကို စောင့်နေရတယ်လို့ထင်ရတဲ့
လူနာရဲ့ဖခင် ကို တွေ့ လိုက်ရတယ် ။ ဆရာဝန်ကို မြင်တဲ့အခါ လူနာဖခင်က
ပြောဆိုခဲ့တယ် ။ ` ဘာကြောင့် အခုလို အချိန်အကြာကြီးမှ လာရသလဲ ဆရာ . .
ကျွန်တော့်သား ဘ၀ဟာ အန္တရာယ်နဲ့ကြုံနေရပြီဆိုတာ ခင်ဗျားမသိဘူးလားဗျာ ဒီအတွက်
ခင်ဗျားမှာ တာဝန်ရှိတယ်လို့ မထင်မိဘူးလား ´
ဆရာဝန်ကပြုံးပြီးပြောခဲ့တယ်
။ `စိတ်မကောင်းပါဘူးဗျာ ကျနော် အမြန်ဆုံးလာခဲ့ပါတယ် ဆေးရုံက ဖုန်းဆက်
ဆက်ခြင်းကျနော် က ဆေးရုံမှာမရှိနေခဲ့ပါဘူး
ဖုန်းဝင်လာလာခြင်းအမြန်လာခဲ့ပါတယ် ဒါကြောင့်အခုချိန်မှာ စိတ်အေးအေးထားပါ
ဒါမှကျနော်အေးအေးအလုပ်လုပ်နိုင်မှာမို့ပါ ´
` ဘာ . .
စိတ်အေးအေးနေရမလား ခင်ဗျားရဲ့သားသာ အခုလို အခန်းထဲမှာ
ရှိနေရရင်ခင်ဗျားဘယ်လိုနေမလဲ ခင်ဗျားရောစိတ်အေးအေးထားနိုင်မလား ?
အခုချိန်ခင်ဗျားသားသေသွားခဲ့ရင် ခင်ဗျားဘယ်လိုလုပ်မလဲပြော ´ လူနာရဲ့ဖခင်က
ဒေါသတကြီးပြန်ပြောခဲ့တယ် ။
ဆရာဝန်က
ထပ်ပြီးပြုံးလိုက်ပြီးပြန်ပြောတယ် ။ `ဒီလိုရှိတယ်ဗျ
အလုပ်အကိုင်နဲ့ပတ်သတ်လို့ Holy Book မှာ ဒီလိုရေးထားတယ် . .
ကျွန်တော်တို့အားလုံးဟာ မြေမှုန်တွေကနေလာကြရတယ် ပြီးနောက် မြေမှုန်တွေ
အဖြစ်ပြန်သွားကြရတယ် ဘုရားသခင်ရဲ့ ဂရုဏာတော်နဲ့
ကောင်းချီးပေးတော်မူပါလိမ့်မယ် ´ တဲ့ ဆရာ ၀န်တွေ လည်း
သက်တမ်းအကြာကြီးနေရတာမဟုတ်ပါဘူး ခင်ဗျားရဲ့သားကို အကောင်းဆုံး ဆုတောင်းပေး
ပါ ဘုရား သခင်ရဲ့ ဂရုဏာတော်အတိုင်း
ကျွန်တော်တို့အကောင်းဆုံးကြိုးစားကြပါမှာ ´
`တစ်ခုခုဟာ
မလွယ်ကူတော့ဘူးဆိုရင် ဒီလိုပဲ ပြောကြတာပါပဲ ´ လို့ လူနာအဖေက စိတ်မသက်မသာနဲ့
ညည်းတွားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ ခွဲစိတ်မှုဟာ နာရီပေါင်းများစွာ
ကြာမြင့်ပြီးတဲ့နောက် ဆရာဝန်က ပျော်ရွှင်စွာ ခွဲစိတ်ခန်းထဲကနေ ထွက်လာခဲ့တယ် ။
` ဘုရားသခင်ကိုကျေးဇူးတင်ပါ ခင်ဗျားသားရဲ့ အသက်ကို ကျွန်တော်
တို့ကယ်လိုက်နိုင်ပါပြီ ´ အဲဒီလို ပြောပြီး ဆရာဝန်က လူနာဖခင်ရဲ့
ပြန်ပြောတာကိုတောင်မစောင့်နိုင်တော့ပဲ သူ့လမ်း အတိုင်းအပြေးထွက်သွားခဲ့တယ် ။
` ခင်ဗျားမှာ မေးစရာရှိရင် နာ့စ်ကိုသာမေးပေတော့ဗျို့ ´ လို့ ပြေး
ရင်းနဲ့ပြောသွားခဲ့တယ် ။
` ဘာကြောင့် သူ ဒီလောက်အလျှင်လိုနေရတာလဲ
ငါ့သားအကြောင်း ကို မေးဖို့ မိနစ်အနည်းငယ်ကိုတောင် သူ မစောင့်နိုင်ပါလား ´
လို့ ဆရာဝန်ထွက်သွားလို့ မိနစ်အနည်းငယ်မှာ နာ့စ်ရောက်လာတဲ့အခါ သူက နာ့စ်ကို
ပြောဆိုခဲ့တယ် ။ အဲဒီအခါ နာ့စ်က မျက်ရည်တွေကျရင်းနဲ့ လူနာရဲ့ဖခင်ကို
ယခုလိုပြန် လည်ပြောဆိုခဲ့တယ် ။
`မနေ့က ဆရာသားဟာ ကားတိုက်မှုဖြစ်လို့
သေဆုံးသွားခဲ့ရပါတယ် ရှင့်သားရဲ့ခွဲစိတ်မှုအတွက် ဆရာ့ ကို ခေါ်တုန်းက ဆရာက
သူ့သားနာရေးအတွက် သုဿန်မှာရှိနေခဲ့ပါတယ် အခု သူက ရှင့်သားအသက်ကို
ကယ်ပေးခဲ့ပါပြီ အခု သူ့သား အလောင်းမြေကျဖို့အတွက် သူ
သုဿန်ကိုပြေးသွားရခြင်းဖြစ်ပါတယ် ´
လူ့ကျင့်ဝတ်နဲ့
ကိုယ်ကျင့်တရားဆိုတာမှာ မည်သူတစ်ဦးတစ်ယောက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့
ဥပဒေသရယ်လို့မရှိပါဘူး ။ ခင်ဗျားဟာ သူတို့ရဲ့ ဘ၀မှာ
ဘာတွေဖြစ်ပျက်နေတယ်ဆိုတာနဲ့ ဘာကြောင့် ပြေးလွှားနေရသလဲဆိုတာ
သိနိုင်မှာမဟုတ်ပါဘူး ။ ဒီအရာကို လူသားဆန်မှုလို့ ခေါ်ပါတယ် ။ ဒါကြောင့်
ကိုယ့်ဘ၀ချည်းပဲ အဆိုးတွေကြုံနေရတယ်လို့ မတွေးပါနဲ့ လူတိုင်းမှာ လည်း
သူတို့ဒုက္ခနဲ့ သူတို့ရှိကြပါတယ် ။ ကိုယ့်ဒုက္ခအတွက် သူများကို
အပစ်တင်မစောပါစေနဲ့ သူတို့မှာလည်း သူတို့ အကြောင်းနဲ့သူတို့ ရှိပါလိမ့်မယ် ။
ကျွန်တော်တို့အားလုံးမှာ စာနာနားလည်နိုင် မှုနဲ့ တွေးတော ဆင်ခြင်
တတ်ခြင်းတွေသာရှိနေရင် ကမ္ဘာမြေကြီးက ပိုပြီး လှပလာမှာအမှန်ပါပဲ ။
No comments:
Post a Comment