“ ကျွန်တော့်ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့
အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ။
နားထောင်တဲ့သူတွေ အကုန်လုံးတိတ်ဆိတ်ပြီး လန့်သွားကြတယ် ။ ဟောပြောသူကဆက်ပြောတယ် “ အဲဒီအမျိုး သမီးကတော့ ကျွန်တော့် အမေပါပဲ ”
နားထောင်သူတွေက အားလုံးရယ်မောကြပြီးလက်ခုပ်တွေတီးကြတယ် ။
တစ်ပတ်လောက်ကြာပြီးတဲ့အခါ
ဒီဟောပြောသူ ရဲ့ ပွဲတွေတက်ထားတဲ့ ထိပ်တန်းမန်နေဂျာတစ်ယောက် အိမ်မှာ
ဒီဟာကို ပြောပြဖို့ကြိုးစားတယ် ။ ညနေစာ စားဖို့ စားပွဲဝိုင်းမှာထိုင်ပြီး
အရင်ဆုံးသူရေ တစ်ခွက်သောက် လိုက်တယ် ။ ပြီးတော့ မီးဖိုချောင်ထဲမှာ
စားစရာပြင်ဆင်နေတဲ့ ဇနီးဖြစ်သူကိုလှမ်းပြောလိုက်တယ် ။
“ မိန်းမရေ
ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော့်ဇနီးမဟုတ်တဲ့
အမျိုးသမီးတစ်ယောက် ရဲ့လက်မောင်းပေါ် မှာ အိပ်စက်ခဲ့ရတဲ့အချိန်တွေပါပဲ ”
ဇနီးဖြစ်သူက
အဲဒီစကားကိုကြားကြားရင် အံ့သြတုန်လှုပ်ပြီး ဒေါသတကြီး
ထမင်းစားပွဲဆီလျှောက်လာတယ် ။ အဲဒီအချိန် မှာပဲ ဒီထိပ်တန်းမန်နေဂျာကြီးဟာ
နောက်ဆက်ပြောရမယ့် စကားကိုမေ့သွားပြီး အိုးတိုးအ တဖြစ်သွား တယ် ။ ပြီးတော့
သူဆက်ပြောလိုက်တယ်က
“ အဲအဲ...အဲဒီအမျိုးသမီးကို ငါမမှတ်မိတော့ဘူး ”
ပြီးတော့
-- ထိပ်တန်းမန်နေဂျာကြီး အဲဒီအမျိုးသမီးကို မှတ်မိတဲ့အချိန်ကျတော့ သူ
ဆေးရုံကိုရောက်နေပါပြီ ။ နာ့စ် တစ်ယောက်က သူ့မျက်နှာပေါ်က
ရေနွေးနဲ့အပက်ခံရတဲ့ ဒါဏ်ရာတွေကို ဆေးထည့်ပေးနေတယ်လေ ။
@@@@@@@@@@@@@@@@@@@@@@@@
မှတ်ချက် ။ ။ ဘယ်တော့မှ စကားတစ်ခွန်းကို Copy and Paste မလုပ်မိစေနဲ့ ။ ပြောနေရင်းမေ့ သွားတဲ့အခါ ပြဿနာတက်တက်တယ် ။
No comments:
Post a Comment