တစ်နေ့မှာပေါ့ ငါးဖမ်းသမားတစ်ဦးဟာ မနက်အစောကြီး နိုးလာတယ်တဲ့ ။
သူထတဲ့အချိန်က စောလွန်းလို့ ပင်လယ်ထဲသွားဖို့ လုံလောက်တဲ့
အလင်းရောင်မရသေးပါဘူး ။ ဒါနဲ့ သူလည်း ကျောက်ခဲတုံးတွေကို တွေ့တော့
သူနေထွက်ချိန်ကို စောင့်ဖို့ အချိန်ဖြုန်းဖို့ အကြံရသွားပါတယ် ။ ဒါနဲ့
သူလည်း ပင်လယ်ထဲကို ကျောက်တုံး လေး တွေကို စတင်ပြီး ပစ်ချပါတယ် ။ သူ့လက်ထဲက
နောက်ဆုံးကျောက်တုံး ပဲ ကျန်တော့တဲ့အချိန်မှာ နေအ လင်း ရောင်က
ထွက်ရှိလာပါပြီ ။ အဲဒီအခါ သူမြင်လိုက်ရတာက အဲဒီကျောက်တုံးဟာ
အလွန်အဖိုးတန်တဲ့ စိန်တုံး ဖြစ်နေတာပါပဲ ။ ပြီးတော့ သူခုနက ပင်လယ်ထဲကို
ပစ်ချနေတဲ့ ကျောက်တုံးတွေအားလုံးဟာ စိန်တုံး တွေဖြစ် နေတာကို
သူတွေးတောမိသွားသတဲ့ ။ ဒီအခါ သူဟာ အရမ်းကို နောင်တရသွားပြီး သူ့ရဲ့
မစူးစမ်း မဆင်ခြင်ပဲ လုပ်လိုက်တဲ့အတွက် စိန်တုံးတွေဟာ ပင်လယ်ပြင်ထဲကို
ရောက်ရှိသွားပါတော့တယ် ။
ပုံပြင်လေးရဲ့ အနှစ်သာရကတော့
"
ဘယ်အရာကို မစူးစမ်းမဆင်ခြင်ပဲ တဇွတ်ထိုး မပြုလုပ်သင့်ပါဘူး ။ သင် အဖိုး
မတန်ဘူးလို့ ထင်နေ တဲ့အရာ ဟာ သင်ရှင်းရှင်းလင်းလင်း သိမြင်လာတဲ့အခါ
အလွန်အဖိုးတန်တာကို တွေ့ရ ပါ လိမ့်မယ် "
No comments:
Post a Comment