တစ်ခါတုန်းက သစ်ခုတ်သမားတစ်ဦးဟာ ကုန်သည်သူဌေးကြီးတစ်ဦးဆီမှာ
အလုပ်ရဖို့အတွက် အကူအညီ သွားတောင်း တယ် ။ သစ်ခုတ်တဲ့အလုပ်ကိုသူရသွားပါတယ် ။
သူ့လုပ်ခ လစာကလည်းအရမ်းကောင်းတဲ့အတွက် သူ့အ တွက် အခြေအနေအားလုံးဟာ
ကောင်းနေပါတယ် ။ ဒါကြောင့် သစ်ခုတ်သမားဟာသူအစွမ်းကုန် သူ့အလုပ်
ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ။
သူ့ သူဌေးက
သူ့ကို ပုဆိန်တစ်လက်ကိုပေးပြီး ခုတ်ရမယ့်နေရာတွေကိုလိုက်ပြတယ် ။
ပထမရက်မှာတော့ သစ်ခုတ် သမားဟာ အပင် ၁၅ ပင်ကိုခုတ်နိုင်ပါတယ် ။ “
ဂုဏ်ယူပါတယ် ” လို့ သူဌေးကပြောတယ် “ အလုပ်ကို ကြိုး စားပြီးလုပ်ပါ ”
သူ့သူဌေးရဲ့အားပေးစကားကြောင့်
သူအားတတ်သွားပြီးနောက်ရက်မှာလည်း အလုပ်ကို ဒီထက်ပိုကြိုးစားတယ် ။
ဒါပေမယ့်နောက်ရက်မှာ သူဟာ ၁၀ ပင်ပဲခုတ်နိုင်ခဲ့တယ် ။
တတိယရက်မှာလည်းသူဟာပိုပြီး ကြိုးစားခုတ်ခဲ့တယ် ။ ဒါပေမယ့် ၇
ပင်ပဲခုတ်နိုင်ခဲ့တယ် ။ နေ့ရက်တွေကြာလာတာနဲ့အမျှ သူဟာ
အပင်တွေကိုလျော့လျော့ပြီးပဲ ခုတ်နိုင် ခဲ့တယ် ။
“
ငါ့စွမ်းအားတွေကျဆင်းနေပြီ ” လို့ သစ်ခုတ်သမားကတွေးထင်လိုက်တယ် ။ ဒါနဲ့သူဟာ
သူ့သူဌေးဆီကိုသွားပြီး သူ ဘာကြောင့် ဒီလို အပင်တွေ
ကိုကြိုးစားခုတ်ပေမယ့်လည်းလျော့ပြီးပဲ ခုတ်နိုင်ရသလဲ ဆိုတာ နားမလည်
တဲ့အကြောင်းမေးမြန်းခဲ့တယ် ။
“ သင်ဟာ ဘယ်အချိန်တုန်းက
သင့်ပုဆိန်ကိုသွေးခဲ့သလဲ ” လို့ သူဌေးကမေးတယ် ။ “ သွေးရမယ် ဟုတ်လား
ကျွန်တော် ဟာ အပင်တွေကို ခုတ်ဖို့အလုပ်များနေတဲ့အတွက် ပုဆိန်ကိုသွေးဖို့
အချိန်မရှိခဲ့ပါဘူး ” လို့ သစ် ခုတ်သ မားက ပြန်ဖြေရှင်း သူ့လိုအပ်ချက်ကို
သူ ရှင်းရှင်းလင်းလင်းသိသွားခဲ့တယ် ။
smtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmtsmt
ကျွန်တော်တို့အများစုဟာ
ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှု Skills တွေကို ဘယ်တော့မှ Update
မလုပ်မိကြ ဘူး ။ ကျွန်တော်တို့ သင်ယူခဲ့တာ သင်ယူနေတာ တတ်ထားတာလေးတွေဟာ ဘ၀အ
တွက်ပြည့်စုံ လုံလောက်နေပြီလို့ပဲ ထင်နေမိတတ်ကြတယ် ။ Good
ဆိုတဲ့စကားလုံးနဲ့မလုံလောက်သေးပါဘူး Better
ဆိုတဲ့စကားလုံးရအောင်ကြိုးစားရဦးမှာပါ ။
ကိုယ်တတ်မြောက်ထားတဲ့အရည်အသွေးတွေကို ထက်မြနေအောင် အချိန်တိုင်းသွေးထားမှသာ
ကျွန်တော်တို့လိုချင်တဲ့ Success ဆိုတဲ့ အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ် ။
No comments:
Post a Comment