၁။ အသစ်အဆန်းများကိုလေ့လာပါ ၊----ဘ၀တလျှောက်လုံးပညာရပ်အသစ်တွေကို လေ့လာနေတာဟာ
ဘ၀ရဲ့နောက်ပိုင်းအချိန်တွေအထိ ဦးနှောက်ကိုထက်မြက်နေစေပါတယ်။ ဦးနှောက်ကို စိန်ခေါ်ပြီးလေ့လာ
တာဟာ သင်ယူနိုင်စွမ်းကို လှုံ့ဆော်ခြင်း ။ ဦးနှောက်အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ခြေလျှော့
နဲခြင်းနဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။
၂။ ပုံမှန်အားကစား လုပ်ပါ ၊---------အားကစားဟာကျန်းကျန်းမာမာ ကျက်သရေရှိရှိ အိုမင်းနိုင်အောင်အ
ထောက်အကူ ပြုပေးပါတယ် အားကစားကို ပုံမှန်လုပ်ပေးတာဟာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ပျက်စီး
တဲ့ ရောဂါဖြစ်နိုင်ချေကိုလျှော့ ချနိုင်ရုံ သာမက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေကိုပါ နှေးကွေးစေပါတယ်
အားကစားဟာ စွမ်းအားပမာဏ ၊ စိတ်ခံစားမှု ၊ အိပ်ပျော်ခြင်းနှင့် ဦးနှောက်ကျန်းမာရေး အဆင့်တွေကိုတိုး
မြင့်စေပါတယ် ပုံမှန်အားကစား ပြုလုပ်တာဟာ စိတ်ဓါတ်ကျခြင်းနှင့် စိတ်ပူပင်သောကကို လျှော့ကျစေကာ
ဥာဏ်ရည်ထက်မြက်စေပါတယ် ။
၃။ အပေါင်း အသင်းများနှင့် ပျော်ပျော်နေပါ၊------ မိတ်ဆွေသူငယ်ချင်းတွေကြောင့် အတွေ့အကြုံဖလှယ်နိုင်
ခြင်း၊ အသစ်အဆန်းလေ့လာနိုင်ခြင်း ပျော်ရွှင်ခြင်း စိန်ခေါ်မှု ကိုရင်ဆိုင်နိုင်ခြင်း ယုံကြည်မှုရှိခြင်း ဆိုတဲ့အရာ
တွေကိုရရှိစေပါတယ် ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး နေပြီးရယ်မောတာဟာဦးနှောက်ရဲ့လုပ်ငန်း
ဆောင်တာကို ကောင်းမွန်စေပါတယ် ။
၎။ ကျန်းမာရေးအသိရှိပါ ၊---------- ကိုယ့်ကျန်းမာရေးကို ၈ရုစိုက်ဖို့အရေးကြီးပါတယ်ကျန်းမာရေးနဲ့ပတ်သက်
ပြီး တစ်စုံတရာ လွှဲမှားနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ပြသပါ ၊ပွင့်ပွင့်လင်းလင်းဆွေးနွေးတာဟာ ဆရာဝန်အနေ
နဲ့ တိကျသေချာတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်နိုင်မှာပါ ။
၅။ ငြိမ်ငြိမ်နေပါ ၊ -------လူ့အဖွဲ့အစည်းထဲမှာနေရင်း စိတ်တွေရှုပ်ထွေးလာတဲ့အခါ အနားယူဖို့အချိန်နည်းနည်း
ယူပြီး ငြိမ်ငြိမ်နေပါ ၊ ဦးနှောက်ဟာ သတင်းအချက်အလက်တွေကို နက်နက်နဲနဲ စီစဉ်နိုင်ဖို့ အချိန်လိုပါတယ် ၊
စိတ်ဖိစီးပြီး မောပန်း နေရတဲ့ ဘ၀နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအပေါ် ထိခိုက်စေနိုင်ပါတယ်၊
ဒါကြောင့်စိတ်ဖိစီးပြီး ပင်ပန်းနေချိန်မှာ အသက်ပြင်းပြင်း ရှူပြီး အနားယူပါ ။
၆။ ဆေးလိပ် အရက်နှင့် မူးယစ်ဆေးဝါး ရှောင်ပါ ၊------- ၄င်းတို့သည် စိတ်ကို ပြောင်းလဲစေတဲ့အရာတွေဟာ
ဦးနှောက် ရဲ့ လုပ်ငန်းဆောင်တာ စေ့ဆော်မှုနဲ့ စူးစိုက်အားတွေကို လျော့ကျစေပါတယ် ။ မှတ်ဥာဏ်ကိုပါချို့တဲ့
သွားစေပါတယ် ။
၇။ ငွေရေးကြေးရေး ဆိုင်ရာ ပန်းတိုင်ထားရှိပါ ၊ ----- ဘဏ္ဍာရေးဆိုင်ရာ စိတ်ချရမှုအတွက်အစီအစဉ်ချမှတ်
ထားတာဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ တွေကို ကောင်းမွန်စေတဲ့နည်းလမ်းကောင်းပါ ၊၀င်ငွေနှင့်ထွက်
ငွေကိုချိန်ဆသုံးစွဲရင်း တလတာဝင်ငွေရဲ့ ၅% ၁၀% စုဆောင်းထားတာဟာ ဘ၀ရဲ့နောက်ပိုင်းကာလအတွက်
အဆင်ပြေစေပါတယ် ။
No comments:
Post a Comment