Saturday, February 9, 2013

ဘ၀မှာ နေပျော်စေမည့် ဖြေရှင်းနည်း 10 ချက်

အငန်စားမိတိုင်း လေးလံသလို ခံစားနေရပါသလား
(၁)ဆားလျှော့စားပါ
   ဆား စားသုံးမှုများတာက သင့်ခန္ဓာ ကိုယ်ထဲမှာ ရေဓာတ်တွေ စုဆောင်းမိနေစေပြီး သွေးပေါင်တတ်စေပါတယ်။ဆားစားသုံးမှုကို လျှော့ချနိုင်ဖို့ ဆားနယ်ထားတဲ့ အသား၊ငါးတွေ၊ဆားဆိပ်ထားတဲ့ အစားအသောက်တွေအစား လတ်လတ်ဆက်ဆက် အစားအသောက်တွေကို ရွေးချယ်စားပါ။ ဟင်းခတ်မှုန့်သုံးမယ့်အစား ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊ စပါးလင်စတဲံ ဟင်းခတ်အမွှေးအကြိုင်တွေကို အစားထိုးသုံးစွဲပါ။
                    စိတ်ဖိစီးမှုများတိုင်း ဒေါသကြီးတတ်သလား
(၂)လှေကားတတ်ပါ
   သင်ဟာ စိတ်ဖိစီးမှုများပြီး တစ်ယောက်တည်း ဒေါသတွေ ကြီးနေတတ်ပါသလား။ဒီလိုဖြစ်တိုင်း ဆေးလိပ်သောက်တာ၊ အချိုစာတွေ စားတာထက် အကောင်းဆုံးဖြေရှင်းနည်းအနေနဲ့ လှေကားထစ်တွေ တက်လိုက်ပါ။ ဒါမှမဟုတ် ၁၀မိနစ်လောက် လေံကျင့်ခန်း လုပ်လိုက်ပါ။သင့်စိတ်ကို အားအင် ပြည့်ဝနေစေပါတယ်။
                  စိတ်ညစ်တိုင်း ဒိုးနပ်စားလေ့ရှိသူလား
(၃) သစ်သီးစားတဲ့ အကျင့်ကိုပြောင်းပါ
    တချို့ လူတွေက စိတ်ညစ်တဲ့ အခါ စိတ်ရှုပ်ထွေးတဲ့ အခါ အစားပိုစားတတ်ကြပါတယ်။အဲဒီလိုစားတဲ့အခါ အချိုလွန်ကဲတဲံ့ အဆီများတဲံ့အစာတွေ အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့သစ်သီးစားပေးတာက သင့်ကို ကိုယ်အလေးချိန်တက်နေတာကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဖြူအောင်ဖွပ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲံ့အချိုဓာတ်များတဲ့ အစားအစာတွေက သင့်ကို ကိုယ်အလေးချိန်တတ်စေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဒိုးနပ်တွေ၊ ပေါင်မုန့်တွေစားမယ့်အစား ပန်းသီးတစ်လုံးစားတာက သင့်ကို အကျိုးများစွာရှိစေပါတယ်။
                 မနက်အိပ်ရာထချိန်တိုင်း စိတ်ကြည်လင်မှု မရှိဘူးလား
(၄) အိပ်ရေး၀၀အိပ်ပါ
    တစ်ညကို ၇-၈နာရီရအောင် အိပ်စက်ပေးပါ။စွမ်းအင်ပြည့်ဝနေစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။ ညအိပ်ရာမ၀င်မီ ကော်ဖီသောက်တာ၊ လေ့ကျင့်ခန်းအချိန်ကြာကြာလုပ်တာတွေ ရှောင်ပါ။ အိပ်ခန်းထဲမှာ တီဗီ ကွန်ပြူတာ၊ တိရိစ္ဆာန်ထားရှိတာတွေ ရှောင်ပါ။
                စိတ်ကူးသစ်မရတိုင်း ခေါင်းကုတ်နေတတ်သလား
(၅)ဆံပင် ပုံစံသစ်ပြောင်းပါ
   သင့်ပုံစံကို အမြင်ပြောင်းသွားအောင် ဆံပင်ပုံစံပြောင်းလဲလိုက်ပါ။ အမြင်ပြောင်းသွားတာကြောင့် သင့်စိတ်လည်း ပြောင်းလဲသွားပြီး အတွေးအခေါ်သစ်တွေ ဖန်တီးမှုအသစ်တွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ရုံးသွားတဲ့အခါ လမ်းကြောင်းအသစ်က ပြောင်းသွားတာ၊ ညနေဘက်လမ်းလျှောက်ထွက်တဲ့အခါ သွားနေကျမဟုတ်တဲ့ လမ်းကိုသွားတာ၊ စာနေကျမဟုတ်တဲ့ မနက်စာစားတာ စတာတွေက သင့်အမြင်နဲံ့ စိတ်ကူးတွေကို ဆန်းသစ်နေစေပါတယ်။
              လေ့ကျင့်ခန်းမလုပ်ချင်တိုင်း ထိုင်နေမိသလား
(၆) လမ်းပတ်လျှောက်ပါ
   အားကစားခန်းမသွားပြီး ကစားဖို့ပျင်းရိနေပါသလား။အနည်းငယ်လှုပ်ရှားတာနဲ့ စွမ်းအင်ပြန်လည်ပြည့်ဝလန်းဆန်းစေဖို့ သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ပေးပါ။ ယောဂကျင့်ဖို့၊ ထိုက်ချိကစားဖို့တွေ မလုပ်ချင်ပါက မနက်စောစော အိပ်ရာထချိန်မှာ တရားထိုင်ပေးပါ။
                တွေးမိတိုင်း စိုးရိမ်သောကဖြစ်နေပါသလား
(၇)လက်ရှိအချိန်ကို တန်ဖိုးထားပါ
     ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်တွေးပြီးပူပန်နေပါသလား။ဘယ်လိုမှ ပြန်လည်မရနိုင်တော့တဲ့ ကျန်ခဲ့တဲ့ အချိန်ကာလမှာ ဖြစ်ပျက်ခဲံ့တာတွေကို တွေးတောပူပန်နေတာဟာ အလကားအချိန်ဖြုန်းတာပါပဲ။ လက်ရှိအချိန်က သင့်အတွက် အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးပါ။ တွေးတောပူပန်မူတွေကို ထားပြီး လက်တွေ. အကောင်အထည်ဖော်လုပ်ဆောင်ပါ။
                 ဗိုက်ဆာတိုင်း အစာတွေ အများကြီးစားမိနေသလား
(၈) အမျှင်ဓာတ် များများစားပါ
     အမျှင်ဓာတ်က သင့်ကို ပြည့်ဝနေစေတာကြောင့် အစာစားမှု နည်းသွားစေပါတယ်။သင်ဟာ မကြာခဏ ဗိုက်ဆာတိုင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီကြော်စာတွေ စားမိနေတတ်သလား။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ။ဆာလောင်မှုကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပါတယ်။ အုတ်ဂျုံ၊ ကောက်နှံ တစ်ခုလုံးနဲ့လုပ်ထားတဲ့ ပေါင်မုန့်၊ ကွေကာ၊ ပန်းသီး၊ စတော်ဘယ်ရီသီးနဲ့ ဟင်းသီးဟင်းရွတ်တွေ စားပေးပါ။
              ရောဂါလက္ခဏာတိုင်းကို ပေါ့ပေါ့ဆဆသဘောထားမိနေလား
(၉) ဆရာဝန်နဲ့ ပြသပါ
      ခေါင်းကိုက်တာ၊ ပုခုံးနာတာ၊ ချောင်းတဟွတ်ဟွတ်ဆိုးနေတာ စတဲ့ ကျန်းမာရေးပြသာနာတစ်ခုခုဖြစ်နေတာ ကြာပြီလား။ အလွယ်တကူဆေးဝယ်သောက်ပေမယ့် ရောဂါပျောက်မသွားပါက ပေါ့ဆမနေပါနဲ့။ အလွယ်တကူ ဆေးဝယ်သောက်တာက ဆေးရဲံ့ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် မလုပ်သင့်ပါဘူး။ ဆရာဝန်နဲ့ ပြသပြီး မေးမြန်းဆွေးနွေးဖို့ လိုပါတယ်။
               စဉ်းစား တွေးခေါ်မှုတွေ အားနည်းနေပါသလား
(၁၀) ဦးနှောက်သုံးပါ
     ဦးနှောက်သုံးပြီး အလုပ်လုပ်ရသူတွေဟာ အမြဲလိုလို ကြံစည်တွေးခေါ်လုပ်ကိုင်နေတာကြောင့် လူမပင်ပန်းပေမယ့် စိတ်ပင်ပန်းတယ်လို့ ပြောတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ပင်ပန်းနေတာကြောင့် သင့်ဦးနှောက်က အတွေးအခေါ် အသစ်တွေ၊ စိတ်ကူးအသစ်တွေ မထွက်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။တကယ်တော့ ဦးနှောက်အပါအ၀င် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အမြဲသုံးနေဖို့ လိုပါတယ်။ အသုံးမပြုဘဲထားတဲ့အခါ ခန္ဓာကိုယ်မှာ အသုံးမ၀င်တဲ့ အစိတ်အပိုင်းလို့ ထင်တာကြောင့် အဲ့ဒီအင်္ဂါအစိတ်အပိုင်းရဲံ့ အရည်အသွေးတွေ ကျဆင်းလာပါတယ်။ ဒါကြောင့် ဦးနှောက်ကို အသုံးပြုရတဲ့ ဆူဒိုခုကစားတာ၊ ပဟေဠိဝှက်တာတွေ လုပ်ဆောင်ကြည့်ပါ။
                                                      ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)မှ ကူးယူတင်ပြပါသည်

No comments:

Post a Comment