၁။ အသစ်အဆန်းများကိုလေ့လာပါ ၊----ဘ၀တလျှောက်လုံးပညာရပ်အသစ်တွေကို လေ့လာနေတာဟာ
ဘ၀ရဲ့နောက်ပိုင်းအချိန်တွေအထိ ဦးနှောက်ကိုထက်မြက်နေစေပါတယ်။ ဦးနှောက်ကို စိန်ခေါ်ပြီးလေ့လာ
တာဟာ သင်ယူနိုင်စွမ်းကို လှုံ့ဆော်ခြင်း ။ ဦးနှောက်အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ခြေလျှော့
နဲခြင်းနဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။
၂။ ပုံမှန်အားကစား လုပ်ပါ ၊---------အားကစားဟာကျန်းကျန်းမာမာ ကျက်သရေရှိရှိ အိုမင်းနိုင်အောင်အ
ထောက်အကူ ပြုပေးပါတယ် အားကစားကို ပုံမှန်လုပ်ပေးတာဟာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ပျက်စီး
တဲ့ ရောဂါဖြစ်နိုင်ချေကိုလျှော့ ချနိုင်ရုံ သာမက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေကိုပါ နှေးကွေးစေပါတယ်
အားကစားဟာ စွမ်းအားပမာဏ ၊ စိတ်ခံစားမှု ၊ အိပ်ပျော်ခြင်းနှင့် ဦးနှောက်ကျန်းမာရေး အဆင့်တွေကိုတိုး
မြင့်စေပါတယ် ပုံမှန်အားကစား ပြုလုပ်တာဟာ စိတ်ဓါတ်ကျခြင်းနှင့် စိတ်ပူပင်သောကကို လျှော့ကျစေကာ
ဥာဏ်ရည်ထက်မြက်စေပါတယ် ။
၃။ အပေါင်း အသင်းများနှင့် ပျော်ပျော်နေပါ၊------ မိတ်ဆွေသူငယ်ချင်းတွေကြောင့် အတွေ့အကြုံဖလှယ်နိုင်
ခြင်း၊ အသစ်အဆန်းလေ့လာနိုင်ခြင်း ပျော်ရွှင်ခြင်း စိန်ခေါ်မှု ကိုရင်ဆိုင်နိုင်ခြင်း ယုံကြည်မှုရှိခြင်း ဆိုတဲ့အရာ
တွေကိုရရှိစေပါတယ် ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး နေပြီးရယ်မောတာဟာဦးနှောက်ရဲ့လုပ်ငန်း
ဆောင်တာကို ကောင်းမွန်စေပါတယ် ။
၎။ ကျန်းမာရေးအသိရှိပါ ၊---------- ကိုယ့်ကျန်းမာရေးကို ၈ရုစိုက်ဖို့အရေးကြီးပါတယ်ကျန်းမာရေးနဲ့ပတ်သက်
ပြီး တစ်စုံတရာ လွှဲမှားနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ပြသပါ ၊ပွင့်ပွင့်လင်းလင်းဆွေးနွေးတာဟာ ဆရာဝန်အနေ
နဲ့ တိကျသေချာတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်နိုင်မှာပါ ။
၅။ ငြိမ်ငြိမ်နေပါ ၊ -------လူ့အဖွဲ့အစည်းထဲမှာနေရင်း စိတ်တွေရှုပ်ထွေးလာတဲ့အခါ အနားယူဖို့အချိန်နည်းနည်း
ယူပြီး ငြိမ်ငြိမ်နေပါ ၊ ဦးနှောက်ဟာ သတင်းအချက်အလက်တွေကို နက်နက်နဲနဲ စီစဉ်နိုင်ဖို့ အချိန်လိုပါတယ် ၊
စိတ်ဖိစီးပြီး မောပန်း နေရတဲ့ ဘ၀နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုအပေါ် ထိခိုက်စေနိုင်ပါတယ်၊
ဒါကြောင့်စိတ်ဖိစီးပြီး ပင်ပန်းနေချိန်မှာ အသက်ပြင်းပြင်း ရှူပြီး အနားယူပါ ။
၆။ ဆေးလိပ် အရက်နှင့် မူးယစ်ဆေးဝါး ရှောင်ပါ ၊------- ၄င်းတို့သည် စိတ်ကို ပြောင်းလဲစေတဲ့အရာတွေဟာ
ဦးနှောက် ရဲ့ လုပ်ငန်းဆောင်တာ စေ့ဆော်မှုနဲ့ စူးစိုက်အားတွေကို လျော့ကျစေပါတယ် ။ မှတ်ဥာဏ်ကိုပါချို့တဲ့
သွားစေပါတယ် ။
၇။ ငွေရေးကြေးရေး ဆိုင်ရာ ပန်းတိုင်ထားရှိပါ ၊ ----- ဘဏ္ဍာရေးဆိုင်ရာ စိတ်ချရမှုအတွက်အစီအစဉ်ချမှတ်
ထားတာဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ တွေကို ကောင်းမွန်စေတဲ့နည်းလမ်းကောင်းပါ ၊၀င်ငွေနှင့်ထွက်
ငွေကိုချိန်ဆသုံးစွဲရင်း တလတာဝင်ငွေရဲ့ ၅% ၁၀% စုဆောင်းထားတာဟာ ဘ၀ရဲ့နောက်ပိုင်းကာလအတွက်
အဆင်ပြေစေပါတယ် ။
Thursday, February 21, 2013
Monday, February 11, 2013
သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ
အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက်
တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....
၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....
၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....
၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...
၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....
၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...
၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...
၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....
၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...
၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...
၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....
၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....
၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....
၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Saturday, February 9, 2013
ဘ၀မှာ နေပျော်စေမည့် ဖြေရှင်းနည်း 10 ချက်
အငန်စားမိတိုင်း လေးလံသလို ခံစားနေရပါသလား
(၁)ဆားလျှော့စားပါဆား စားသုံးမှုများတာက သင့်ခန္ဓာ ကိုယ်ထဲမှာ ရေဓာတ်တွေ စုဆောင်းမိနေစေပြီး သွေးပေါင်တတ်စေပါတယ်။ဆားစားသုံးမှုကို လျှော့ချနိုင်ဖို့ ဆားနယ်ထားတဲ့ အသား၊ငါးတွေ၊ဆားဆိပ်ထားတဲ့ အစားအသောက်တွေအစား လတ်လတ်ဆက်ဆက် အစားအသောက်တွေကို ရွေးချယ်စားပါ။ ဟင်းခတ်မှုန့်သုံးမယ့်အစား ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊ စပါးလင်စတဲံ ဟင်းခတ်အမွှေးအကြိုင်တွေကို အစားထိုးသုံးစွဲပါ။
စိတ်ဖိစီးမှုများတိုင်း ဒေါသကြီးတတ်သလား
(၂)လှေကားတတ်ပါသင်ဟာ စိတ်ဖိစီးမှုများပြီး တစ်ယောက်တည်း ဒေါသတွေ ကြီးနေတတ်ပါသလား။ဒီလိုဖြစ်တိုင်း ဆေးလိပ်သောက်တာ၊ အချိုစာတွေ စားတာထက် အကောင်းဆုံးဖြေရှင်းနည်းအနေနဲ့ လှေကားထစ်တွေ တက်လိုက်ပါ။ ဒါမှမဟုတ် ၁၀မိနစ်လောက် လေံကျင့်ခန်း လုပ်လိုက်ပါ။သင့်စိတ်ကို အားအင် ပြည့်ဝနေစေပါတယ်။
စိတ်ညစ်တိုင်း ဒိုးနပ်စားလေ့ရှိသူလား
(၃) သစ်သီးစားတဲ့ အကျင့်ကိုပြောင်းပါ
တချို့ လူတွေက စိတ်ညစ်တဲ့ အခါ စိတ်ရှုပ်ထွေးတဲ့ အခါ အစားပိုစားတတ်ကြပါတယ်။အဲဒီလိုစားတဲ့အခါ အချိုလွန်ကဲတဲံ့ အဆီများတဲံ့အစာတွေ အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့သစ်သီးစားပေးတာက သင့်ကို ကိုယ်အလေးချိန်တက်နေတာကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဖြူအောင်ဖွပ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲံ့အချိုဓာတ်များတဲ့ အစားအစာတွေက သင့်ကို ကိုယ်အလေးချိန်တတ်စေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဒိုးနပ်တွေ၊ ပေါင်မုန့်တွေစားမယ့်အစား ပန်းသီးတစ်လုံးစားတာက သင့်ကို အကျိုးများစွာရှိစေပါတယ်။
မနက်အိပ်ရာထချိန်တိုင်း စိတ်ကြည်လင်မှု မရှိဘူးလား
(၄) အိပ်ရေး၀၀အိပ်ပါ
တစ်ညကို ၇-၈နာရီရအောင် အိပ်စက်ပေးပါ။စွမ်းအင်ပြည့်ဝနေစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။ ညအိပ်ရာမ၀င်မီ ကော်ဖီသောက်တာ၊ လေ့ကျင့်ခန်းအချိန်ကြာကြာလုပ်တာတွေ ရှောင်ပါ။ အိပ်ခန်းထဲမှာ တီဗီ ကွန်ပြူတာ၊ တိရိစ္ဆာန်ထားရှိတာတွေ ရှောင်ပါ။
စိတ်ကူးသစ်မရတိုင်း ခေါင်းကုတ်နေတတ်သလား
(၅)ဆံပင် ပုံစံသစ်ပြောင်းပါ
သင့်ပုံစံကို အမြင်ပြောင်းသွားအောင် ဆံပင်ပုံစံပြောင်းလဲလိုက်ပါ။ အမြင်ပြောင်းသွားတာကြောင့် သင့်စိတ်လည်း ပြောင်းလဲသွားပြီး အတွေးအခေါ်သစ်တွေ ဖန်တီးမှုအသစ်တွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ရုံးသွားတဲ့အခါ လမ်းကြောင်းအသစ်က ပြောင်းသွားတာ၊ ညနေဘက်လမ်းလျှောက်ထွက်တဲ့အခါ သွားနေကျမဟုတ်တဲ့ လမ်းကိုသွားတာ၊ စာနေကျမဟုတ်တဲ့ မနက်စာစားတာ စတာတွေက သင့်အမြင်နဲံ့ စိတ်ကူးတွေကို ဆန်းသစ်နေစေပါတယ်။
လေ့ကျင့်ခန်းမလုပ်ချင်တိုင်း ထိုင်နေမိသလား
(၆) လမ်းပတ်လျှောက်ပါ
အားကစားခန်းမသွားပြီး ကစားဖို့ပျင်းရိနေပါသလား။အနည်းငယ်လှုပ်ရှားတာနဲ့ စွမ်းအင်ပြန်လည်ပြည့်ဝလန်းဆန်းစေဖို့ သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ပေးပါ။ ယောဂကျင့်ဖို့၊ ထိုက်ချိကစားဖို့တွေ မလုပ်ချင်ပါက မနက်စောစော အိပ်ရာထချိန်မှာ တရားထိုင်ပေးပါ။
တွေးမိတိုင်း စိုးရိမ်သောကဖြစ်နေပါသလား
(၇)လက်ရှိအချိန်ကို တန်ဖိုးထားပါ
ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်တွေးပြီးပူပန်နေပါသလား။ဘယ်လိုမှ ပြန်လည်မရနိုင်တော့တဲ့ ကျန်ခဲ့တဲ့ အချိန်ကာလမှာ ဖြစ်ပျက်ခဲံ့တာတွေကို တွေးတောပူပန်နေတာဟာ အလကားအချိန်ဖြုန်းတာပါပဲ။ လက်ရှိအချိန်က သင့်အတွက် အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးပါ။ တွေးတောပူပန်မူတွေကို ထားပြီး လက်တွေ. အကောင်အထည်ဖော်လုပ်ဆောင်ပါ။
ဗိုက်ဆာတိုင်း အစာတွေ အများကြီးစားမိနေသလား
(၈) အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်က သင့်ကို ပြည့်ဝနေစေတာကြောင့် အစာစားမှု နည်းသွားစေပါတယ်။သင်ဟာ မကြာခဏ ဗိုက်ဆာတိုင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီကြော်စာတွေ စားမိနေတတ်သလား။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ။ဆာလောင်မှုကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပါတယ်။ အုတ်ဂျုံ၊ ကောက်နှံ တစ်ခုလုံးနဲ့လုပ်ထားတဲ့ ပေါင်မုန့်၊ ကွေကာ၊ ပန်းသီး၊ စတော်ဘယ်ရီသီးနဲ့ ဟင်းသီးဟင်းရွတ်တွေ စားပေးပါ။
ရောဂါလက္ခဏာတိုင်းကို ပေါ့ပေါ့ဆဆသဘောထားမိနေလား
(၉) ဆရာဝန်နဲ့ ပြသပါ
ခေါင်းကိုက်တာ၊ ပုခုံးနာတာ၊ ချောင်းတဟွတ်ဟွတ်ဆိုးနေတာ စတဲ့ ကျန်းမာရေးပြသာနာတစ်ခုခုဖြစ်နေတာ ကြာပြီလား။ အလွယ်တကူဆေးဝယ်သောက်ပေမယ့် ရောဂါပျောက်မသွားပါက ပေါ့ဆမနေပါနဲ့။ အလွယ်တကူ ဆေးဝယ်သောက်တာက ဆေးရဲံ့ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် မလုပ်သင့်ပါဘူး။ ဆရာဝန်နဲ့ ပြသပြီး မေးမြန်းဆွေးနွေးဖို့ လိုပါတယ်။
စဉ်းစား တွေးခေါ်မှုတွေ အားနည်းနေပါသလား
(၁၀) ဦးနှောက်သုံးပါ
ဦးနှောက်သုံးပြီး အလုပ်လုပ်ရသူတွေဟာ အမြဲလိုလို ကြံစည်တွေးခေါ်လုပ်ကိုင်နေတာကြောင့် လူမပင်ပန်းပေမယ့် စိတ်ပင်ပန်းတယ်လို့ ပြောတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ပင်ပန်းနေတာကြောင့် သင့်ဦးနှောက်က အတွေးအခေါ် အသစ်တွေ၊ စိတ်ကူးအသစ်တွေ မထွက်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။တကယ်တော့ ဦးနှောက်အပါအ၀င် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အမြဲသုံးနေဖို့ လိုပါတယ်။ အသုံးမပြုဘဲထားတဲ့အခါ ခန္ဓာကိုယ်မှာ အသုံးမ၀င်တဲ့ အစိတ်အပိုင်းလို့ ထင်တာကြောင့် အဲ့ဒီအင်္ဂါအစိတ်အပိုင်းရဲံ့ အရည်အသွေးတွေ ကျဆင်းလာပါတယ်။ ဒါကြောင့် ဦးနှောက်ကို အသုံးပြုရတဲ့ ဆူဒိုခုကစားတာ၊ ပဟေဠိဝှက်တာတွေ လုပ်ဆောင်ကြည့်ပါ။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)မှ ကူးယူတင်ပြပါသည်
ဟားဗတ် University စာကြည့်တိုက်နံရံတွင် ကပ်ထားသော ဟားဗတ်ကျောင်းသားတွေအတွက်ဆုံးမစာ
(၁)သင်အခုအိပ်ငိုက်နေလျှင် သင်အိပ်မက်မက်လိမ့်မယ်။သင်အခုကြိုးစားနေလျှင်သင့်အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်လိမ့်မယ်..။
(၂)သင် လစ်လျူရူခဲ့သောယနေ့သည်မနေ့က နောက်ရက်တွင်ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းဖြစ်သည်။
(၃)အချိန်နှောင်းပြီဟုထင်လိုက်သောအချိန်သည် အစောဆုံးအချိန်ဖြစ်သည်။
(၄)ယနေ့အလုပ်ကို နောက်နေ့အထိအချိန်မဆွဲပါနှင့်။
(၅)စာကြိုးစားနေချိန်ပင်ပန်းတာဟာခဏတာပါ။မကြိုစားလို့ ပင်ပန်းမှာက ဘ၀တစ်သက်တာပါ။
(၆)သင်ယူဖို့ အချိန်မရှိဘူးဆိုတာဘယ်တော့မှ မရှိဘူး။တကယ်တော့သင်ယူဖို့ကြိုးစားအားထုတ်မူမရှိတာပါ.။
(၇)စိတ်ချမ်းသာမူမှာ အဆင့်သတ်မှတ်ထားတာရှိချင်မှရှိလိမ့်မယ်.။ဒါပေမယ့် အောင်မြင်မူမှာတော့ အဆင့်သတ်မှတ်ချက်အမြဲတမ်းရှိတယ်..။
(၈)သင်ယူမူဟာလူ့ဘ၀တစ်ခုလုံးမဟုတ်ဘူး.။လူ့ဘ၀ရဲ့ အစပဲရှိသေးတယ်..။
(၉)သူများထက်စောစောကြိုးစားမှ အောင်မြင်မူအရသာကိုသူများထက်စောစောခံစားရမှာဖြစ်တယ်..။
(၁၀)ဘယ်တော့မှ လွယ်လွယ်ကူကူမအောင်မြင်နိုင်ဘူး.။အောင်မြင်မူဆိုတာကိုယ့်ကိုကိုယ်ထိန်းချူပ်နိုင်မူနဲ့ ဇွဲလုံ့လတို့က ရရှိလာတာဖြစ်တယ်။
(၁၁)မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမူများကို ခံစားပါ..။
(၁၂)အချိန်ဟာ အချိန်တိုင်းကုန်ဆုံးနေတယ်..။ဒါကို သတိရပါ..။
(၁၃)ဒီနေ့ယိုသောသွားရည်သည် နောက်နေ့အတွက် မျက်ရည်ဖြစ်လိမ့်မည်..။
(၁၄)ခွေးလိုသင်ယူ၊လူကြီးလူကောင်းလိုကျင့်ကြံပါ..။
(၁၅)ဒီနေ့မသွားလျှင် နောက်နေ့ပြေးလိုက်ရလိမ့်မည်..။
(၁၆)အနာဂတ်ကိုရင်းနှီးမြှပ်နှံသူဟာယနေ့ကို သစ္စာရှိသူပါ.။
(၁၇)ပညာရည်အဆင့်အတန်းဟာ ၀င်ငွေအဆင့်အတန်းကို ကိုယ်စားပြုနိုင်တယ်..။
(၁၈)တစ်နေ့တာ ကုန်ဆုံးသွားလျှင်ဘယ်တော့မှ ပြန်မရနိုင်တော့ပါ..။
(၁၉)အခုတောင် သင်၏ပြိုင်ဘက်ဟာ စာရွက်တွေကို အဆက်မပြတ်လှန်နေပြီ..။
(၂၀)အကျပ်အတည်း အခက်အခဲဆိုတာမရှိလျှင် အကျိုးအမြတ်ဆိုတာလဲ မရှိနိုင်ပါ.။

ပေါ့ပေါ့ပါးပါးလေး အရင်ပြောရအောင်
စာဖတ်သူလူကြီးမင်းဒါတွေကိုသိသလားဆိုတာလဲ ဖတ်ရင်းနဲ့တွေးတွေးကြည့်သွားပေါ့ ။
လိပ်ပြာလေးတွေမှာ လျှာမပါဘူးတဲ့ ။ ဒါဖြင့်ပန်းဝတ်ရည်ရဲ့အရသာကို ဘယ်လိုခံစားတယ်လို့
ထင်ပါသလဲ ။ ဟုတ်ကဲ့ ၊ယုံချင်ယုံ မယုံချင်လဲနေပါ ။ ခြေထောက်လေးတွေနဲ့ခံစားပါသတဲ့ ။
ပျမ်းမျှပြောစတမ်းဆိုရင် ဘောလ်ပင်ကိုက်ရင်း လည်ချောင်းထဲဘောလ်ပင်ရောက်၊ အဲဒီ ဘောလ်ပင်ကြောင့် အသက်ရှူလမ်းကြောင်းပိတ်ပြီး သေတဲ့သူကတစ်နှစ်ကို တစ်ရာလောက်
တော့ရှိသတဲ့ ၊ (သတိထားနော်။ဘောလ်ပင်ကိုက်ပြီးစဉ်းစားခန်းသိပ်မ၀င်ပါနဲ့နော် )
အဲဒီလိုပျမ်းမျှပြောကြစတမ်းဆိုရင် လူတွေဟာသေရမှာထက်ပင့်ကူကို ပိုကြောက်ကြပြန်သတဲ့။
(ဟုတ်လားမသိဘူး၊ကျွန်တော်ကတော့ပင့်ကူကြောက်တာအမှန်ပဲ)
ဟိုး . . .အတီအတေအတိတ်ကာလတုန်းက အီဂျစ်ပြည်ကဘုန်းတော်ကြီးတွေဟာ တစ်ကိုယ်လုံးရှိရှိသမျှ အမွေးအမျှင်တွေကို အကုန်စင်အောင်ရိတ်ရပါသတဲ့ ၊မျက်ခုံးမွေးကော
မျက်တောင်မွေးပါမချန်ရဘူးတဲ့ ။(တညိုးကြီးနော်)
သတ္တ၀ါတွေအနက်မှာ ခုန်နိုင်ပေါက်နိုင်ခြင်း လုံးလုံးမရှိတဲ့ သတ္တ၀ါက ဘာကောင်လဲ သိပါသလား ။ အဟဲ ဆင်လေ ဆင် . . . .ဆင် . . . ။
လူသန်းပေါင်းနှစ်ထောင်မှာ တစ်ယောက်သာလျှင် အသက် (၁၁၆ )နှစ်လောက်အထိ အသက်
ရှည်နိုင်ပါသတဲ့။ (ဒါတော့ဘာအရေးတုန်း ၊ အဲဒီလောက်အရှည်ကြီးနေရရင် ပျင်းစရာကြီး)။
မိန်းမသားတွေဟာ ယောက်ျားတွေထက် မျက်တောင်ခတ်တဲ့အကြိမ်ရေ နှစ်ဆပိုများသတဲ့ဆိုပဲ. . .။
ကိုယ့်တံတောင်ဆစ်ကို ကိုယ့်ဘာသာလျှာနဲ့လျက်ဖို့ ဘယ်လိုမှကိုမဖြစ်နိုင်ဘူးနော် ။
အမေရိကန်နိုင်ငံ လူဝီဇနီးယားတက္ကသိုလ်ရဲ့ ပင်မစာကြည့်တိုက်ဟာ တစ်နှစ်ကို တစ်လက်မကျော်လောက် မြေကြီးထဲကိုမြုပ်ဝင်နေပါသတဲ့ ။ဘာဖြစ်လို့လဲဆိုတော့ . .
အဲဒီပင်မစာကြည့်တိုက်မှာ တနေ့တခြားတိုးပွားလာမယ့် စာအုပ်ရဲ့အလေးအချိန်တွေကို စာကြည့်တိုက်စတင်တင်ဆောက်ချိန်တုန်းက အင်ဂျင်နီယာတွေဖက်က ထည့်မတွက်မိခဲ့ကြလို့
ပဲတဲ့ (ဘုရား..ဘုရား မမှားသောရှေ့နေ မသေသောဆေးသမားဆိုတဲ့စကားထဲမှာ အင်ဂျင်နီယာကိုပါ ထည့်ရတော့မယ်ကိန်းပါလား အရပ်ကတို့ရေ . . .)
စာဖတ်နေတဲ့ မောင်နှမတွေများ သိကြမလားမသိဘူး ၊ပက်ကျိတစ်ကောင်ဟာ သုံးနှစ်
လောက်တော့မထတမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ပါသတဲ့ခင်ဗျာ ။(ကာလနဂါးရဲ့ ငယ်နာမည်က
ပက်ကျိပေါ့နော်)
ပိုလာဘဲ ဆိုတဲ့မြောက်ဝန်ရိုးစွန်းဒေသက ၀က်ဝံဖြူတွေအားလုံးဟာ ဘယ်ကျော်တွေချည်းပဲတဲ့ ။
ငှက်ကုလားအုပ်တွေရဲ့မျက်စိက သူတို့ဦးနှောက်ထက် ကြီးးသတဲ့ ။
ကျွန်တော်တို့တွေရဲ့ မျက်စိနှစ်လုံးဟာမွေးကတည်းက သည်အရွယ်အစားပါပဲ။သေတဲ့အထိ
ပြောင်းမသွားပါဘူး။အဲ . . . .သို့ပေမယ့်နှာခေါင်းနဲ့နားရွက်ကတော့ တစ်နေ့တခြားထွာထွား
နေတာ သေမှပဲရပ်တော့တယ်တဲ့ ။(ဘုရား . . .ဘုရား)
လက်နှိပ်စက်ကိုအင်္ဂလိပ်လိုပေါင်းတဲ့စာလုံး Typerwriter ဆိုတာဟာ လက်နှိပ်စက်/ကွန်ပျူတာခလုပ်ခုံပေါ်မှာရှိတဲ့ အတန်းတွေထဲကတစ်တန်းတည်းကနေ အရှည်ဆုံးရိုက်နိုင်တဲ့ တခုတည်းသောဝေါဟာရပါ ။
အဲ . . . .နွားတစ်ကောင်ကို လှေကားအတိုင်းအပေါ်ထပ်ကိုခေါ်သွားဖို့ ဖြစ်နိုင်ပေမယ့်
အဲဒီလှေကားအတိုင်းပြန်ဆင်းလာအောင်လုပ်ဖို့တော့မဖြစ်နိုင်ဘူးတဲ့။(ငါးလွှာတို့ခြောက်လွာတို့မှာနေတဲ့သူများစမ်းကြည့်သင့်တယ်ထင်တယ် ။မရဘူးဆိုတော့လဲ အသာငြိမ်နေလိုက်ပေါ့။
ရတယ်ဆိုရင်တော့ ကျွန်တော်ရေးပြထားတာမှားကြောင်း အကြောင်းကြားနိုင်ကြပါလိမ့်မယ်။
ဘဲတွေရဲ့အော်သံတဂတ်ဂတ်ကလည်း ဘယ်တော့မှ ပဲ့တင်သံမထွက်ဘူးတဲ့။ဘယ်လောက်
ပဲ့တင်သံထွက်တဲ့နေရာမှာပဲဖြစ်ဖြစ် ပဲ့တင်သံမထွက်ဘူးတဲ့ ။ဘာကြောင့်ဆိုတာကိုလည်း
ဘယ်သိပ္ပံပညာရှင်မှ မသိပြန်ဘူးတဲ့။
အမေရိကန်နိုင်ငံမှာ သေဒဏ်စီရင်တဲ့အခါသုံးတဲ့လျှပ်စစ်ကုလားထိုင်ကို တီထွင်တဲ့သူကဘယ်လို
လူစားမျိုးလို့ထင်သတုံး ။ဟုတ်ကဲ့ . . .သွားဆရာဝန်ထွင်တာပါ(ဘယ်လိုလူလဲမသိဘူးနော်)
ယမ်းမီးခြစ်ကိုမထွင်ခင်ကတည်းက ဓာတ်မီးခြစ်ကိုထွင်ခဲ့ကြတာဆိုပဲ ။
အင်္ဂလိပ်စကားလုံးမှာအတိုဆုံးဝါကျဟာ (သွား-Go)ဆိုတာပဲဖြစ်ပါတယ်။(မြန်မာမှာတော့ အများကြီးပဲ ။
ရုတ်တရက်စဉ်းစားကြည့်လိုက်တာတောင် ထ၊က၊စ၊မ ဆိုပြီးအတိုဆုံးဝါကျတွေ
ထွက်လာပါတယ်။ ဒါဗျည်းချည်းပဲပြောတာ။ကြွတို့၊ ချတို့၊ ကြည့်တို့၊ သွားတို့လို သရတွေ၊
အသတ်တွေ၊သံယုတ်တွေ မပါသေးဘူး) သိလား၊
အဟဲ စာဖတ်နေတဲ့ ကိုကို မမ တို့လည်း ဒီစာကိုဖတ်ရင်းနဲ့
ကိုယ့်တံတောင်ဆစ်ကိုယ့်ဘာသာ ပြန်လျက်ကြည့်သွားလိုက်မိသေးတယ်မှတ်တယ်။
မရှက်ပါနဲ့ ။ ကျွန်တော်လည်း ဒါလေးဖတ်ရင်းနဲ့ လျက်ကြည့်မိသေးတာပဲ။ပျော်စရာတော့ကောင်းသားနော်

Subscribe to:
Comments (Atom)