မလိုင်အပြည့် ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတွေဟာ သွေးတွင်း သကြားဓာတ် မတည်ငြိမ်မှု ဖြစ်နိုင်ခြေကို လျှော့ချနိုင် တယ်လို့ ဟားဗတ်မှ သုတေသီတွေက တွေ့ရှိထားပါ တယ်။ သူတို့ရဲ့ နှစ်ပေါင်း ၂၀ ကျော် လေ့လာမှုအရ မလိုင်အပြည့် ပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင် တဲ့ ဒီဒြပ်ပေါင်း Trans-Plamitoleic Acid ကို အမြင့်မားဆုံးရရှိထားသူတွေဟ
၂။ ပဲဟင်းစားပြီး သွေးဖိအားကျဆင်းအောင် ပြုလုပ်ပါ
UCLA မှ သုတေသီတွေရဲ့ အဆိုအရ ခွက်တစ် ဝက်စာ ပဲဟင်းကို နေ့စဉ် စားသုံးတဲ့ အမျိုးသမီးတွေရဲ့ ၇၇ ရာခိုင်နှုန်းဟာ တစ်လအတွင်းမှာပဲ သွေးဖိအား ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်သွားနိုင်တယ်လို့
၃။ အနီရောင်ဂရိတ်ဖရုသီးစားပြီး
အနီရောင်ဂရိတ်ဖရုတ်သီးကို နေ့စဉ်စားသုံးရင် မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဂျေရုဆလင် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ ဒီအဖြစ်မျိုး ဟာ ကိုလက်စထရောအဆင့်တွေ အရမ်းမြင့်မားနေ ပြီးStatin ဆေးဝါးကို မတိုးသူတွေအတွက်ပါ အကျိုး ရှိပါတယ်လို့ ဆိုပါတယ်။ အနီရောင်ဂရိတ်ဖရုသီးမှာ များစွာပါဝင်တဲ့Limonin ခေါ်တဲ့ အပင်ဒြပ်ပေါင်း တွေဟာ အသည်းမှ မကောင်းတဲ့ ကိုလက်စထရော (LDL) ထုတ်လုပ်မှုကို ထိန်းချုပ်ထားနိုင်လို့ပါလိ
၎။ ညပိုင်းမှာ ငါးအဆီကို စားသုံးပြီး နာကျင်မှုဝေဒနာကို လျှော့ချပါ
ငါးအဆီကို နေ့စဉ် ၂၀ဝ၀ မီလီဂရမ်မှ ၃၀ဝ၀ မီလီဂရမ်အထိ သုံးရင် အဆစ်နဲ့ ကြွက်သားနာကျင်မှု ဝေဒနာ ၅၀ ရာခိုင်နှုန်းအထိ သက်သာနိုင်တာကြောင့် လေ့လာမှုပေါင်း တစ်ဒါဇင်ကျော်အရ သိရပါတယ်။ ငါးအဆီဟာ နာကျင်မှုဝေဒနာဖြစ်အောင် လှုံ့ဆော် နိုင်တဲ့ ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်နှုန်း မြန်ဆန်စေကာ နာကျင်မှုဝေဒနာခံစားမှုရအောင်
၅။ အအိပ်လျှော့ပြီး ဓမ္မတာအကြိုဝေဒနာပြင်းထန်မှုက
ဓမ္မတာအကြိုဝေဒနာကို စတင်ခံစားရတာနဲ့ တစ်ပြိုင်နက် အောက်ဖော်ပြပါအတိုင်း လစဉ်တစ်ည လောက် စမ်းသပ်ကြည့်ပါ။ သင်ရဲ့ အိပ်ချိန်ဇယားကို ခဏတာပြောင်းလဲမှု ပြုလုပ်ရပါမယ်။ ည ၉ နာရီမှာ အိပ်ရာဝင်ပြီး မနက် ၁ နာရီမှာ အိပ်ရာမှထပါ။ သင် ရဲ့ နေ့စဉ် ပုံမှန် အချိန်ရောက်တဲ့အထိ ပြန်မအိပ်ဘဲ နေပါ။ San Diego တက္ကသိုလ်မှ သုတေသီတွေက ဒီလိုပြုလုပ် တာကြောင့် ဓမ္မတာအကြိုဝေဒနာခံစားရ သူ အမျိုးသမီး ၁၀ ယောက်မှာ ရှစ်ယောက်နှုန်း သက်သာ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဓမ္မတာ အကြို ဝေဒနာခံစားရတာဟာ ပုံမှန် အိပ်/
၆။ မီးဖိုချောင်မှ အောက်ပါအစားအစာတွေ စားပြီး ကျန်းမာရေးကောင်းအောင် ပြုလုပ်ပါ
(က) မုန်လာဥနီ - သူတို့မှာ ခုခံအားစနစ် ကောင်း မွန်စေနိုင်တဲ့ ဘီတာကယ်ရိုတင်းတွေ များစွာ ပါဝင်ပါတယ်။ နေ့စဉ် မုန်လာဥနီခွက် တစ်ဝက်စာ စားသုံးရုံနဲ့ အအေးမိဝေဒနာဖြစ်နိုင်ခြေ ၃၃ ရာခိုင် နှုန်း လျော့ကျနိုင်ပါတယ်။
(ခ) ကြက်သွန်နီ - ခွက်တစ်ဝက်စာကို နေ့စဉ် စားသုံးတာကြောင့် အရိုးသိပ်သည်းဆ လေးရာခိုင် နှုန်းမြင့်တက် လာနိုင်ပါတယ်။ ကြက်သွန်နီမှာ အရိုး သန်မာစေတဲ့ ဆာလဖာတွေ များစွာပါဝင်ပါတယ်။
(ဂ) ဂေါ်ဖီထုပ် - တစ်ပတ်ကို သုံးခွက်စာ စားသုံး ရုံနဲ့ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ထက်ဝက်ခန့် ကျ ဆင်းနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာ သားမြတ်တစ်သျှူး တွေကို ဖျက်ဆီးမယ့် အီစထရိုဂျင်ကို ရပ်တန့်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်လို့ပါ။
ဒေါက်တာခင်မိုးမိုး
No comments:
Post a Comment