နမားဇ် (ဆွလားသ်) ၀တ်ပြုခြင်း
အစ္စလာမ်သာသနာသည် အရွယ်ရောက်ပြီးသူ အမျိုးသား/အမျိုးသမီး တိုင်းအား
တစ်ရက်လျှင် နမားဇ် (၅) ကြိမ်ဖတ်ရန် အမိန့်ပေးထားသည်။ ယေ
ဘုယျအားဖြင့်ကြည့်လျှင် (၅) ကြိမ်ဟူသော အရေအတွက်မှာ များလှသည်ဟု
ထင်ရသော်လည်း နောက်ကွယ်မှ အကျိုးတရားများကာ
လူသား၏ဘ၀တစ်ခု လုံးကို သိသာစွာပြောင်းလဲပေးနိုင်ကြောင်းကို
ရှေ့တွင်တင်ပြပါမည်။ အစ္စလာမ် သာသနာ၏ ထူးခြားချက်ကား မလိုအပ်သော
အကျိုးမဲ့သောကိစ္စများကို အမိန့် ပေးစေခိုင်းထားခြင်း လုံးဝမရှိပေ။
ဘာသာရေးအရ အမိန့်စေခိုင်းမှုဖြစ်သော် လည်း မိမိကိုယ်တိုင် (သို့မဟုတ်)
မိမိကြောင့် အခြားသူများ အကျိုးရှိစေမည့် ကိစ္စသာ ဖြစ်သည်။
အစ္စလာမ်သာသနာတော်သည် နမားဇ်မဖတ်မီအလျင် ၀ုဇူပြုရန် အမိန့် ပေးထားသည်။
နမားဇ် (၅)ကြိမ်ရှိသည်ဖြစ်ရာ တစ်နေ့လျှင် ၀ုဇူလည်း (၅)ကြိမ်
ပြုလုပ်ဖြစ်လေမည်။ ၀ုဇူဟူသည် မိမိခန္ဓာကိုယ်အား အပြင်ပိုင်းဆိုင်ရာ
သန့်ရှင်း စင်ကြယ်မှု ရယူခြင်းဖြစ်သည်။ ၀ုဇူပြုရာတွင် ခံတွင်းဆေးကြောခြင်း၊
နှာခေါင်း ဆေးကြောခြင်း၊ မျက်နှာသစ်ခြင်း၊ လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ဆေး
ခြင်း၊ ဦးခေါင်းကို ရေစိုနေသောလက်ဖြင့် ပွတ်သတ်ခြင်း၊ ခြေနှစ်ဖက်ဆေးခြင်း
တို့ ပါဝင်သည်။
သာမာန်လူတစ်ဦးသည် ခံတွင်းသန့်ရှင်းခြင်း၊
မျက်နှာသစ်ခြင်းကို အလွန် ဆုံး တစ်နေ့လျှင် အိပ်ရာထတစ်ခါ၊ အိပ်ရာဝင်တစ်ခါသာ
ပြုလုပ်မည်။ သို့သော် မုစ်လင်မ်တစ်ဦးအဖို့ နမားဇ်၏အကြောင်းခံဖြင့်
တစ်နေ့လျှင် (၅) ကြိမ်ပြုလုပ် ဖြစ်သွားသည်။ လူတိုင်းလူတိုင်း
နေ့စဉ်နှင့်အမျှ ကြုံရာကျပန်း အလုပ်ကိစ္စများ၌ နစ်မွန်းနေစဉ် ခန္ဓာကိုယ်၌
အ၀တ်အစား ၀တ်ထားသော်လည်း ခြေ၊ လက်၊ မျက်နှာတို့မှာ ပွင့်ဟနေလျက်ရှိသည်။
ထိုနေရာများသို့ ဖုံများ၊ အညစ်အကြေး များ၊ ပိုးမွှားများ
တွယ်ကပ်နေစရာရှိသည်။ မုစ်လင်မ်တစ်ဦးသည် နမားဇ်၏အ ကြောင်းခံဖြင့်
ထိုနေရာများအား တစ်နေ့လျှင် (၅)ကြိမ် ဆေးကြောဖြစ်သွား မည်။ ဤသည် မိမိ၏
တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မည်မျှပင် အကျိုးဖြစ် ထွန်းလိုက်ပေသနည်း။
သို့သာမက ကျမ်းမြတ်ကုရ်အာန်တွင် မုစ်လင်မ်အမျိုးသား/အမျိုးသမီး များအား
နမားဇ်ဝတ်ပြုရာနေရာသို့ သွားရာ၌ လှပကျော့ရှင်းစွာသွားရန် အမိန့် ပေးထားသည်။
အလုပ်၌ နစ်မွန်းနေရသူတစ်ဦးအဖို့ ခန္ဓာကိုယ်၌ ချွေးသီးချွေး
ပေါက်များ၊ ချွေးနံ့များ ရှိနေပေမည်။ ဧည့်သည်တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံ
ရာတွင် ၄င်းအနံ့အသက်များကြောင့် ဧည့်သည်အဖို့ အနည်းအကျဉ်းမဆို အခက်အခဲ
ဖြစ်စေ နိုင်သည်။ သို့သော် နမားဇ် (၅) ကြိမ်ဖတ်သော မုစ်လင်မ်တစ်ဦးအဖို့
ခန္ဓာကိုယ် မှာ အမြဲတမ်း ကျော့ရှင်း မွှေးကြိုင် လန်းဆန်းနေမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဗလီများကို အသင် လေ့လာကြည့်ပါ။ နမားဇ်အချိန်တိုင်း၌
လူအနည်းဆုံး (၅၀၀) ခန့် ရပ်ကွက်တိုင်းရှိ ဗလီတိုင်း၌ ၀တ်ပြုကြ သည်။ အသင်
အရေးကြီးကိစ္စကြောင့် အခမ်းအနားတစ်ခု လုပ်မည်ဆိုလျှင်ပင် လူ (၅၀၀) အား
စုစည်းဖို့ မလွယ်ကူပေ။ အသင့်အိမ်၌ ထမင်းစားဖိတ်လျှင်ပင် အချို့သူများ
အလုပ်အကိုင်ဖျက်ပြီး လာချင်မှလာလိမ့်မည်။ သို့သော် နမာဇ်ကို အကြောင်းပြု၍
မည်သည့်ဖိတ်စာမှမလို၊ မည်သည့်ဧည့်ခံမှုမျှ မရှိဘဲ၊ မည်သည့် အာဏာမှ မသုံးရဘဲ
လူပေါင်းများစွာ နေ့စဉ် (၅) ကြိမ် ဗလီ၌ စုစည်းမိသွား သည်။ ဤကဲ့သို့သော
စုစည်းမှုကို မည်သည့်သာသနာတွင်မှ တွေ့ရမည် မဟုတ်ပါ။
တည်ငြိမ်အေးချမ်းသော လောကကြီးဖြစ်ဖို့အတွက် အရေးအပါဆုံးအ ချက်သည်
အမိန့်နာခံခြင်းပင် ဖြစ်သည်။ အမိန့်နာခံခြင်းသည် ငြိမ်းချမ်းရေး၏
အရင်းအမြစ်ပင် ဖြစ်သည်။ သားသမီးသည် မိဘအမိန့်နာခံမည်၊ တပည့်သည် ဆရာ၏အမိန့်
နာခံမည်၊ အလုပ်သမားသည် အလုပ်ရှင်၏ အမိန့်နာခံမည်၊ လူ ငယ်သည် လူကြီး၏အမိန့်
နာခံမည်၊ ပြည်သူလူထုသည် အုပ်ချုပ်သူအစိုးရ၏ အမိန့် နာခံမည်၊
လူသားအားလုံးသည် ဖန်ဆင်းရှင်၏အမိန့် နာခံမည်ဆိုလျှင် ကမ္ဘာလောကကြီးမှာ
မငြိမ်းချမ်းစရာ အဘယ်အကြောင်းရှိမည်နည်း။ နမားဇ် သည် အမိန့်နာခံတတ်သော
လူသားများ ဖြစ်လာအောင် ထရိန်နင်ပေးနေခြင်း ပင် ဖြစ်သည်။ နမာဇ်ဖတ်ရသော
အချိန်များတွင် အချို့ အလုပ်များထဲ၌ နစ်မွန်း နေမည်။ အချို့
အိပ်ရေး၌ရှိနေမည်။ အချို့ အပန်းဖြေ အနားယူနေမည်။ ဤ တွင် နမားဇ်အချိန်
ကျရောက်လာပြီးဆိုလျှင် မိမိ၏ လောကီရှာဖွေမှုအားလုံးကို စွန့်လွှတ်၍
ဖန်ဆင်းရှင်၏အမိန့်ကို နာခံရန်၊ နမာဇ်ဝတ်ပြုရန် ဦးလှည့်ကြတော့ မည်။
နမာဇ်ဖတ်သောသူသည် မိမိကိုယ်ရေးကိုယ်တာထက် အမိန့်ကို ဦးစား
ပေးနာခံတတ်သည့် အလေ့အကျင့် ရရှိသွားပေတော့သည်။ ဤသည်များသည် နမားဇ်၏ နောက်ကွယ်မှ အကျိုးတရားများပင် ဖြစ်ပေသည်။
ရိုဇဟ် (ဥပုသ်စောင့်ခြင်း)
ဒေါသဖြစ်လာချိန်တွင် ရန်သူအား ထိုးကြိတ်ကာ အနိုင်ယူသူနှင့် သည်းခံ
မျိုသိပ်ကာ ပြဿနာအား ရှောင်ရှားသွားသူတို့နှစ်ဦးတွင် မည်သူက သတ္တိရှိသူ
ဖြစ် သနည်း။ ကာမဆန္ဒ ပြင်းထန်နေချိန်တွင် ပြည့်တန်ဆာခန်းသို့ မသွားဘဲ မိမိ
စိတ်ကို ထိန်းချုပ်ကာ ဖန်ဆင်းရှင်ဖက်သို့ အာရုံပြုခြင်း၊ ကောက်ရသည့် အဖိုး
တန်ပစ္စည်းကို မိမိမယူဘဲ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်း၊ ရောဂါဖြစ်နေချိန်
တွင် မတည့်သောအစားအစာများ ရှေ့တွင်ရှိနေပါလျက်နှင့် မစားဘဲ မျက်နှာ
လွှဲဖယ်ထားခြင်းတို့မှာ အပြောသာလွယ်သလောက် လက်တွေ့ပြုလုပ်ရန် အင်မတန်ပင်
ခက်ခဲ၏။
ဖန်ဆင်းရှင်သည် လူသား၏ စိတ်နှလုံးသား၌ လောဘ၊ ဒေါသ၊ တဏှာ ရာဂ
အစရှိသည်တို့ကို ထည့်သွင်းထားရာ ၄င်းတို့၏စေ့ဆော်မှုကြောင့် လူသား သည်
တဒင်္ဂအရသာ ပေးစွမ်းနိုင်သော အကုသိုလ်ကိစ္စကို ပြုလုပ်ရန် အားသန် လျက်ရှိသည်။
သို့သော် မိမိစိတ်ကို ထိန်းချုပ်ခြင်း (mind control) ဟူသော အရည်အချင်းလည်း
တစ်ဖက်တွင် ရှိပြန်၏။ ၄င်းအရည်အချင်းကို ပိုမိုထက် မြတ်လာစေရန်၊
အရည်အသွေး ပိုမိုကောင်းလာစေရန် ထရိန်နင်ပေးသောအ နေဖြင့် အစ္စလာမ်သာသနာသည်
သာသနာဝင်တို့အား ရိုဇဟ် ဟူသောအမိန့် ကို ပြဌားန်လိုက်သည်။
ရိုဇဟ်ကို
တစ်နှစ်လျှင် တစ်လ ထားရသည်။ နံနက်မိုးသောက်ချိန်မှ ညနေ နေ၀င်သည်အထိ
မစားခြင်း၊ မသောက်ခြင်း၊ ဇနီးရှိပါလျက် ကာမဂုဏ်မှု မပြုဘဲနေခြင်း ဖြစ်သည်။
အပေါ်ယံကြည့်လျှင် အမိန့်မှာ အလွန်ပြင်းထန်လှ သည်ဟု ထင်ရသည်။
ပြိုင်ပွဲကြီးတစ်ခု ယှဉ်ပြိုင်ရမည်ဆိုလျှင် လေ့ကျင့်ခန်းကို လည်း
အပြင်းအထန်လုပ်ရသည်။ ကျွန်ုပ်တို့၏ အနာဂတ်တွင် မကောင်းမှုအကု သိုလ်ပေါင်း
မြောက်မြားစွာက ဆီးကြိုနေကြသည်။ ၄င်းတို့မှ ရှောင်ရှားနိုင်ဖို့
အတွက်
မိမိစိတ်ဓါတ်အင်အား မြှင့်တင်နိုင်ရန် အပြင်းအထန် ကြိုးစားရမည်။
ရိုဇဟ်ထားသူသည် မိုးသောက်ချိန်မှစ၍ မစားဘဲနေလိုက်သည်။ နေ့လည် အထိလောက်
ကောင်းကောင်းနေနိုင်မည်။ နေ့လည်ခင်းကျော်လာလျှင် ဗိုက် ဆာလာမည်။
တစ်ဖြည်းဖြည်း ညနေနားကပ်လေ ပို၍ပို၍ ဆာလာမည်။ မိမိ တွင်
စားနိုင်သည့်အင်အားရှိပါလျက် မစားဘူးဟု ထိန်းချုပ်မည်။ ဤသည်
ဒေါသဖြစ်နေချိန်တွင် ဒေါသအလျောက် မကျူးလွန်သွားရန် ထိန်းချုပ်ခြင်း၊
ကာမစိတ် ပြင်းထန်နေချိန်တွင် ကာမဂုဏ်မှု မဖြစ်ပေါ်အောင် ထိန်းချုပ်ခြင်း
လောက် မခက်ခဲပါ။
သို့ရှိရာ ဤကဲ့သို့ တစ်လတာ ရိုဇဟ်ထားလိုက်သူအဖို့
အထက်တွင် တင်ပြခဲ့သော အကုသိုလ်များမှ ရှောင်ရှားနိုင်ရန် အလေ့အကျင့်တစ်ခု
ရသွား စေမည်။ ထိုသို့ဖြင့် တစ်နှစ်တာကို ကောင်းစွာဖြတ်သန်းနိုင်ပြီး
နောက်တစ်နှစ် အတွက် နောက်တစ်ခါ အလေ့အကျင့်လုပ်မည်။ ရိုဇဟ်သည် အရွယ်ရောက်
သည့်အချိန်မှစ၍ မထားမနေရတာဝန် ဖြစ်သွားသည်။ ယနေ့ ကလေးငယ် (၇) နှစ် (၈)
နှစ်အရွယ်များပင် ရိုဇဟ်ထားနေကြပြီး ဖြစ်သည်။
အစ္စလာမ်သည် လူတစ်ယောက်
မနိုင်သည့်တာဝန်ကို မခိုင်းပါ။ ကမ္ဘာရှိ သန်းပေါင်းများစွာသော ယောက်ျား၊
မိန်းမ၊ ကလေးများပင် ရိုဇဟ်ထားနေချိန် တွင် အသင် အဘယ်ကြောင့်
မထားနိုင်ရမည်နည်း။ သို့သော် ရိုဇဟ်မထားနိုင် လောက်အောင် ရောဂါတစ်စုံတစ်ရာ
အခိုင်အမာရှိလျှင် မထားဘဲနေခွင့်ရှိ၏။ အချုပ်ဆိုရလျှင် အစ္စလာမ်၏ဥပုသ်သည်
ဟန်ရေးပြဥပုသ်မဟုတ်ပါ။ ရည်ရွယ် ချက်ကို ထိမိသော၊ လူတို့အတွက် အမှန်တကယ်
အကျိုးရှိသော ဥပုသ်စောင့် ခြင်း ဖြစ်ပေသည်။
ဇကားသ် (လူသားချင်း စာနာထောက်ထားကြေး)
အစ္စလာမ်သည် အပြောအဟောသာရှိသော သာသနာမဟုတ်ကြောင်း ကို ဇကားသ်က
သက်သေပြနေသည်။ ဘာသာတိုင်းတွင် အလှူအတန်းပြုရန်၊ ဆင်းရဲသားတို့အား
ကျွေးမွေးစောင့်ရှောက်ရန် ညွှန်ကြားထားသည်ကား မှန်၏။
သို့သော် ညွှန်ကြားချက်သာရှိသည်။
လူတိုင်းလူတိုင်းသည် မိမိ၏ငွေကြေးဥစ္စာအား ချစ်မြတ်နိုးကြသည်။
အလှူအတန်းပြုရာ၌ လွန်စွာ လက်နှေးကြ၏။ တွန့်တိုတတ်ကြ၏။ အနည်း ငယ်
အလှူအတန်းကို များစွာ ဂုဏ်ယူတတ်ကြ၏ နည်းနည်းပေးပြီးလျှင် များ
များနာမည်လိုကြသည်။ ဆင်းရဲသားများအား ပေးကမ်းလျှင်လည်း အထက်စီးမှ နေ၍
ပေးတတ်ကြ၏။ ထိုအခါ ဆင်းရဲသူနှင့် ချမ်းသာသူကြားမှ အဆင့်အတန်း ကွာခြားသွား၏။
ချမ်းသာသူသည် ဆင်းရဲသူ၏ ကျေးဇူးရှင်ကြီးအလား ဖြစ်သွား ၏။
အစ္စလာမ်သည်ကား ထိုသို့ အဖြစ်မခံပေ။ လူချမ်းသာသည် မိမိ၏ ငွေကြေးဥစ္စာကို
သူဆင်းရဲအား လိုလိုလားလား ရှာဖွေပေးကမ်းတတ်သော စိတ်ဓါတ်ကို
ရိုက်သွင်းပေးလိုက်၏။ အဘယ်ကဲ့သို့နည်း။ လူတစ်ဦးထံတွင် ၄င်း အတွက်
လိုအပ်သည်ထက်ပိုသော ငွေကြေးဥစ္စာများ ရှိ၏။ ထပ်မံ၍ ကုန်ရောင်း
ကုန်ဝယ်ပစ္စည်များလည်း ရှိ၏။ ၄င်းအရာနှစ်မျိုး၏ စုစုပေါင်းတန်ဖိုး အား အပုံ
(၄၀) ပုံ၍ (၁) ပုံကို မပေးမနေ ဆင်းရဲသားအား ပေးရမည်။ မပေးဘဲ နေလျှင်
လွန်စွာ အပြစ်ထိုက်သည်။ ဤသည် အစိုးရထံ မဖြစ်မနေပေးရသော အခွန်ကဲ့သို့
အလုပ်ရှင်သည် ၀န်ထမ်းအား ပေးရသောလခကဲ့သို့ပင်။ ထိုအခါ ၄င်း (၁) ပုံသည်
လူချမ်းသားအဖို့ အမှိုက်သဖွယ် ဖြစ်သွားလေသည်။ အိမ်၌ အမှိုက်ရှိလျှင်
ဒီအတိုင်းထားမည်လား။ အမှိုက်သမားကို မရမကရှာ၍ ပစ်မည်။ အမှိုက်ပုံဆီ
တစ်ကူးတကသွား၍ ပစ်မည်။ နောက်ဆုံးမရလျှင် အမှိုက်သိမ်းသူ ကို ပိုက်ဆံပေးခေါ်ကာ
ပစ်သည်။ ထိုသို့ဖြစ် အစ္စလာမ်သာသနာဝင် လူချမ်း သာများသည်
မိမိတို့၏ငွေကြေးကို သူဆင်းရဲတို့အား မ၀ံ့ကြွားဘဲ၊ မမောက်မာ ဘဲ
လိုလိုလားလာ်းပေးလိုက်ကြမည်။
လူတစ်ဦးတွင် အပိုငွေနှင့်
လုပ်ငန်းပစ္စည်းများတန်ဖိုးသည် သိန်း ၁၀၀ ရှိ မည်ဆိုလျှင် ၂ သိန်းခွဲ
ဇကားသ်ပေးဆောင်ရမည်။ သိန်း ၁၀၀၀ လျှင် ၂၅ သိန်း သိန်း ၁ သောင်းလျှင် သိန်း
၂၅၀ ပေးဆောင်ရမည်။ အစ္စလာမ်၏ အဆုံးအမ သည် လှပလွန်းသည်။ ဇကားသ်ပေးရာတွင်လည်း
သူစိမ်းထက် ဆွေမျိုးသား ချင်းကို ဦးစားပေး၍ ပေးကမ်းရန် ညွှန်ကြားထားသည်။
အသိုင်းအ၀ိုင်းတစ်ခု တွင် ငွေကြေးရှိသူအချို့ ရှိမြဲဖြစ်သည်။ ထိုအခါ
ငွေကြေးရှိသူတိုင်းသည် မိမိ၏ ဆွေမျိုးသားချင်း ဆင်းရဲသားများအား ဇကားသ်ပေး
ထောက်ပံ့ထားလျှင် လောကတွင် ဆင်းရဲမွဲတေမှုများ အဘယ်မျှပင် လျော့သွားမည်နည်း။
ဇကားသ် လူသားချင်း စာနာထောက်ထားခြင်း၊ ဆင်းရဲမွဲတေမှုကို လျှော့ချခြင်း၏
ပုံဆောင်မှုတစ်ခုပင် ဖြစ်ပေသည်။
ဟဂ်ျ (စုစည်းမှုပြုခြင်း)
ယနေ့
ကမ္ဘာ၌ အစ္စလာမ်နှင့်အပြိုင် အယူဝါဒပေါင်းများစွာ ရှိနေသော် လည်း အစ္စလာမ်၏
အားသာချက်မှာ လက်တွေ့ကျခြင်းပင် ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်း၊
လူသားအချင်းချင်း တန်းတူအခွင့်အရေးရှိခြင်း၊ လူမျိုးစွဲ ဒေသစွဲ
စိတ်ဓါတ်များ ပပျောက်ခြင်း စသည်တို့သည် အဖွဲ့အစည်းတိုင်း အယူ ၀ါဒတိုင်း၏
ဆောင်ပုဒ်များဖြစ်သည်။ သို့သော် လက်တွေ့လုပ်ဆောင်မှု တွင်
ဘာမှပြောပလောက်စရာ မရှိပေ။ ကမ္ဘာ့အတိုင်းအတာကို အပထားပါ။
တိုင်းပြည်ငယ်တစ်ခုပင်လျှင် လူမျိုးပေါင်းစုံ၊ ပါတီပေါင်းစုံ ပါဝင်သော
ညီလာခံ၊ အခမ်းအနားတစ်ခုလုပ်ရန် အဘယ်မျှ ခက်ခဲပေနည်း။
ကမ္ဘာ့ဒေသအသီးသီး၌
အစ္စလာမ်သာသနာဝင် မရှိသည့်နိုင်ငံဟူ၍ မရှိ ပေ။
ကမ္ဘာ့လူမျိုးအားလုံးနီးနီးတွင်လည်း အစ္စလာမ်သာသနာ လက်ခံယုံကြည် သူများ
ရှိနေပြီဖြစ်သည်။ အစ္စလာမ့်နိုင်ငံပင်လျှင် ကမ္ဘာပေါ်၌ (၆၀) ခန့်ရှိသည်။
အစ္စလာမ်သာသနာဝင် ကမ္ဘာတစ်ခုလုံး၌ သန်း (၁၇၀၀) ရှိသည်။ ထိုသူများ အားလုံးကို
အစ္စလာမ်၏ခေါင်းစဉ်အောက်တွင် စုစည်းသွားစေရန် အလွန်လှပ သော စနစ်တစ်ခုကို
အစ္စလာမ်က ချမှတ်ပေးလိုက်သည်။ ဤသည်ကား ဟဂ်ျ ပင် ဖြစ်သည်။
ကမ္ဘာပေါ်၌
အထွဋ်မြတ်ဆုံးသော နေရာဒေသဖြစ်သော မက္ကဟ်မြို့ကို စုစည်းရာအဖြစ်
သတ်မှတ်ပေးလိုက်သည်။ စုစည်းသည့်ကာလမှာ တစ်နှစ် လျှင် တစ်ကြိမ်ဖြစ်သည်။
စုစည်းရက်မှာ (၅) ရက်ဖြစ်သည်။ စုစည်းရာတွင် လည်း ရှင်ဘုရင်၊ သမ္မတမှ သည်
သာမန်လူတန်းစားထိ ပုံစံတစ်ခုတည်း အတိုင်း၊ နေရာတစ်ခုတည်း၌ အင်္ကျီတစ်ဆင်တည်း
ဝတ်ဆင်ကာ စုစည်းစေ သည်။ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကိုလည်း
အစီအစဉ်တကျ လူအားလုံး တစ်ပုံစံတည်း ဆောင်ရွက်ရသည်။
ဥပမာ- ၄င်း (၅) ရက်
မိမိ၏အလှအပကို စွန့်ကာ ရေမချိုးဘဲ ခေါင်းပင် မဖြီးပဲ နေရမည်ဟု
သတ်မှတ်ထားသည်။ မည်သည့်ခမ်းနားမှုမှမရှိသော ဟင်း လင်းပြင်ကြီးတစ်ခု၌
လူအားလုံးကို တစ်နေ့တာ စတည်းချစေသည်။ ထိုနည်း တူ အခြားအခြားသော
ကျင့်ဆောင်မှုများလည်း ရှိသည်။ ဤသည်တို့ကို ရှင် ဘုရင်၊ သမ္မတမှသည်
သာမန်လူတန်းစားအထိ မည်သည့်ကွာခြားချက်မျှ မရှိဘဲ လိုက်နာဆောင်ရွက်ရသည်။
ရှင်ဘုရင်သည်လည်း မင်းခမ်းမင်းနား အဆင်တန်ဆာဖြင့် လာ၍မရပါ။
ယနေ့ခေတ်အခါ၌ တစ်နှစ်တစ်နှစ်လျှင် ကမ္ဘာအ၀ှမ်းမှ လူပေါင်း သိန်း (၄၀) ခန့်
မက္ကဟ်မြို့သို့ သွား၍ ဤသို့ စုစည်းမှုပြုကြသည်။ ထိုအခါ ဘာသာ စကားအစုံ၊
အရောင်အသွေးအစုံ၊ လူမျိုးအစုံ၊ နိုင်ငံအစုံမှ လူတို့သည် တစ်ဦးနှင့်တစ်ဦး
တွေ့ဆုံရင်းနှီမှု ဖြစ်သွားသည်။ ထိုအခါ နိုင်ငံကြီးဝါဒ၊ လူမျိုး
ကြီးဝါဒရှိသူတို့သည်လည်း `လူဆိုတာ အားလုံး အတူတူပါပဲလား´ဟူသော
ခံယူချက်တစ်ခု ဖြစ်သွားမည်။ ၄င်းခရီးတွင်ပင် မိမိတို့ရဲ့ချစ်လှစွာသော တမန်
တော်မြတ်ကြီး မုဟမ္မဒ် သခင်၏ ဗိမာန်တော်ရှိရာ မဒီနဟ်မြို့သို့သွား၍
ဖူးမျှော် ကြသည်။ ၄င်းခရီးစဉ်က အစ္စလာမ်သာသနာဝင်အားလုံးအား ညီရင်းအစ်ကို
မောင်ရင်းနှမစိတ်ဓါတ် သွတ်သွင်းပေးလိုက်သည်။ ၄င်းခရီးမှ ရပ်ရွာရောက်ပြီး
ချိန်၌လည်း မိမိသည် ကမ္ဘာ့အရှေ့အရပ်၌ ရှိနေပါစေ။ ကမ္ဘာ့အနောက်အရပ်၌ ရှိသော
မုစ်လင်မ်တစ်ဦး၏ ခံစားချက်ကို နားလည်ပေးနိုင်သည့် မျှဝေခံစား တတ်သည့်
စိတ်နှလုံးသား ဖြစ်သွားသည်။
၎င်းခရီးစဉ်သည် ငွေကြေးပြည့်စုံသော၊
ခရီးသွားနိုင်သည့် အင်အားရှိ သော မုစ်လင်မ်
အမျိုးသား/အမျိုးသမီးတိုင်းအတွက် တစ်သက်လျှင်တစ်ကြိမ် မသွားမနေရ
တာဝန်ဖြစ်သည်။ အစ္စလာမ်သာသနာဝင် လူနည်းစုသာရှိသော မြန်မာနိုင်ငံသည်ပင်လျှင်
နှစ်စဉ် ၅၀၀၀ ကျော်သွားနေလျက်ရှိသည်။
မည်မျှပင် အားကျစရာကောင်းသော
သာသနာဖြစ်သနည်း။ အစ္စလာမ်၏ အရိပ်အောက်တွင် ငြိမ်းချမ်းမှုများ အဘယ်မျှ
ဆောနေပါသနည်း။ အစ္စလာမ် သာသနာဝင်ဖြစ်ခြင်းအပေါ် ကျွန်ုပ်သည် အတိုင်းအဆမရှိ
ဝမ်းမြောက် ဂုဏ်ယူ ပါသည်။ အသင်လည်း အစ္စလာမ်သာသနာကို
လက်ခံပြီးသားဖြစ်နေလျှင် အသင်သည် ကမ္ဘာပေါ်တွင်
နဖူးစာအကောင်းဆုံးလူသားများအနက်မှ တစ်ဦး ဟု မှတ်ယူလိုက်ပါ။
အစ္စလာမ်သာသနာကို လက်မခံရသေးလျှင် အချိန်နောက် မကျသေးပါ။ အသင် အသက်ရှင်နေသ၍
အခွင့်အရေး ရှိနေပါသေးသည်။ စစ်မှန်သော၊ ယုတ္တိရှိသော၊ ငြိမ်းချမ်းသာယာသော၊
ဂုဏ်သိက္ခာမြင့်မားသော သာသနာတစ်ခုကို ရယူပိုင်ဆိုင်ရာ၌ ကြန့်ကြာ
နှောင့်နှေးနေမည်ဆိုလျှင် အသင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်သည်။
ယခုတင်ပြမှုများသည် အစ္စလာမ်၏ အမြည်းသဘောသာဖြစ်ပြီး နှစ်လိုဖွယ်ကောင်းသော
အစ္စလာမ်သာသနာ၏ မြောက်မြားစွာသော အကြောင်းတရားများကို ဆက်လက်ရေးသား တင်ပြပေး
သွားပါမည်။
No comments:
Post a Comment