Tuesday, June 10, 2014

သင်သိရဲ့လား?


-ခွေး ၅ ကောင်နဲ့ ဝက် ၁ ကောင်ကို တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်စဉ် ကယ်တင်နိုင်ခဲ့တယ်။
(ခွေးကတော့ ထားပါတော့၊ ဝက်က သင်္ဘောပေါ် ဘာလိုက်လုပ်တာတုန်း)
-ဂျက်ကီချန်းဖြစ်မယ့် ကလေးကို သူ့အမေက ကိုယ်ဝန် ၁၂ လ လွယ်ခဲ့ရတယ်။
(သူများထက် ထူးလို့ ကမ္ဘာကျော်တာ ထင်ပါရဲ့)
-ဂီတသံကြောင့် ပန်းတွေရဲ့ ကြီးထွားမှုကို မြန်ဆန်စေသတဲ့။
(အိမ်က ပန်းစိုက်ခင်းအတွက် Emperor တီးဝိုင်းကို လပြတ် ငှားထားရမယ်)
-ငှက်ပြောသီးဟာ ဘယ်ရီသီးမျိုး ဖြစ်ပြီးတော့၊ စတော်ဘယ်ရီကတော့ ဘယ်ရီသီးမျိုးနွယ်ထဲ မပါဘူးတဲ့။
(ယနေ့မှစ၍ ငှက်ပြောဘယ်ရီ ဟု ခေါ်စေ)
-Terminator 2 ဇာတ်ကားထဲမှာ အာနိုးကြီးဟာ စကားလုံး ၇၀၀ ခန့်ကိုဘဲ ပြောခဲ့ပြီး၊ သရုပ်ဆောင်ခ ဒေါ်လာ ၁၅သန်း ရခဲ့တဲ့အတွက်၊ Hasta la vista, baby ဆိုတဲ့ စကားလေးပြောခတင် 85716 ဒေါ်လာ တန်တယ်။
( I love you Baby ဆိုရင်လည်း 85716 ဒေါ်လာ ရမှာပဲနော်)
-ပြင်သစ်မှာ ဝက်တွေကို နပိုလီယံလို့ နာမည်ပေးရင် ဥပဒေအရ အရေးယူခံရသတဲ့။
(ဒါဆို နပိုလီယံကို ဝက် လို့ နာမည်ပေးရင်ကော)
-ပျားထီးတွေဟာ လိင်တခါ ဆက်ဆံပြီးတာနဲ့ သေပါလေရော... တဲ့။
(ငင်... နာ... နာ... နောက်ဘဝ ပျားထီး မဖြစ်ချင်ပူးစ်)
-တချို့သော ပင်ဂွင်းတွေဟာ ပြည့်တန်ဆာတွေ တဲ့။
(ပင်ဂွင်းတွေတော့ ရဲနဲ့တွေ့ရင် အဖမ်းခံရတော့မယ်၊ နေပါအုံး သူတို့က ပိုက်ဆံဘယ်က ရသတုန်း)
-B, M, P ဆိုတဲ့ အင်္ဂလိပ်အက္ခရာသုံးလုံးကို သင့်နှုတ်ခမ်းနှစ်လွှာကို မထိဘဲ ရွတ်ဆိုလို့ မရပါဘူးတဲ့။
(ကဲ... မိတ်ဆွေ၊ လိုက်ဆိုကြည့်နေတာ ရပ်လိုက်တော့၊ မယုံမရှိနဲ့ ငိ ငိ)
-စနေဂြိုလ်ကို ရေထဲချရင် ပေါလောပေါ်နေမှာ ဆိုဘဲ။
(ဒီလောက်ကြီးတဲ့ကန် ဘယ်မှာ ရှိမှာတုန်း ဟ)
-ကျိန်ဆဲခြင်းဖြင့် ဝေဒနာတွေကို သက်သာစေနိုင်တယ်။
(ခွေးမတားဒေ... !%#&@8*@36!*!*&^%)

No comments:

Post a Comment