Wednesday, April 30, 2014

"နေသည် အနောက်အရပ်က ထွက်သည် ဆိုပါတော့"


------------------------------------------------------
------------------------------------------------------
ဘ၀ကို ကြိုတွေးကြည့်တိုင်း ရင်မောလာတယ်....
လက်ဆုပ်လက်ကိုင် ကြွယ်ဝမှုကို ပြပါဆိုခဲ့ရင်
လိုအပ်ခြင်းတွေပဲ ပိုင်ဆိုင်တယ်....
ဖြစ်ချင်တာတွေ မဖြစ်နိုင်ခဲ့တောင်
ဖြစ်သင့်သလောက်တော့ ဖြစ်စေချင်ခဲ့တာ
အတ္တလို့ပဲ ဆိုပါတော့...
အနာဂတ်အတွက် ဆုတစ်ခုပဲ တောင်းချင်တယ်...
ဖခင်ကောင်းတစ်ယောက်အဖြစ်နဲ့ လောကကြီးကို နှုတ်ဆက်သွားပါရစေ...
ဘ၀ရေဆန်မှာ တက်ကျိုးလည်း လက်ထိုးလှော်ချင်ပါရဲ့...
လှေဝမ်းကပါ ရေမလုံတော့ ဘာဆက်လုပ်သင့်သလဲ...
ဘ၀က အမြဲခါးတယ်လို့တော့ မဆိုပါဘူး...
ကိုယ့်အတွက်တော့ အချဉ်ဓာတ်က ပိုများနေသလို....
တစ်ရက်ပိုအိုသွားတိုင်း အသိဥာဏ်တစ်ရက်စာ ပိုတိုးမလာတဲ့အခါ
အနာဂတ်က ကိုယ့်မျိုးဆက်တွေကို မျက်နှာပူလာတယ်...
တစ်နေ့နေ့ ဖြစ်လာမှာပါဆိုတာ...
မျှော်လင့်ချက်အတွက် ကျားကန်ထားတဲ့ စကားတစ်ခုသာ ဖြစ်တယ်..
ယေဘုယျနဲ့ ဖြစ်နိုင်ခြေကိုသာ ထည့်တွက်မယ် ဆိုရင်
တစ်နေ့နေ့ပေါ့ ဆိုလိုက်တိုင်း...
ကိုယ့်ဘ၀ဟာ ဘယ်လောက်တောင် မရေရာသလဲဆိုတာ မီးမောင်းထိုးပြနေသလို....
လျောက်ခဲ့ဖူးတဲ့ ခရီးအရတော့.....
ကံကြမ္မာဟာ ကိုယ့်ကို ကျောခိုင်းပြီး ထိုင်နေတယ်...
ပျော့ညံတတ်မယ် သို့မဟုတ် သံယောဇဉ်မဲ့တတ်မယ် ဆိုပါတော့
ဘ၀ဆိုတာကို ကျောခိုင်း ကွင်းလုံးကျွတ် အခြားမဲ့သော အရပ်သို့
ကျွန်တော်.....
...ထွက်.....သွား......လိုက်......ချင်....တယ်....။

Saturday, April 5, 2014

အချစ်ဘောင်းဘီ.....


မနက်ဖြန် သူအစည်းအဝေးတက်ဘို့ ဘောင်းဘီက သိပ်မကောင်းတော့တာနဲ့... ဘောင်းဘီတစ်ထည်ဝင်ဝယ်လာခဲ့တယ်...။ အချိန်မရတော့ တိုင်းတာပြီးတောင်မ၀ယ်နိုင်ပါဘူး ဒီလိုပဲ ခါးကိုမှန်းပြီးဝယ်ခဲ့ရတယ်...။ အိမ်ကြမှဝတ်ကြည့်တော့ ခါးကတော့ ခါးပတ်နဲ့ဆိုအဆင်ပြေလောက်ပါရဲ့.. ချေထောက်က လေးလက်မလောက်ရှေနေသကိုးဗျ..။ အင်းဘယ်နှယ့်တတ်နိုင်မလဲ အမေ့ကို လေးလက်မလောက် ဖြက်ပြီး အနားပြန်လုံးခိုင်းမယ်ထင်ပါ့...။
စာကြည့်မျက်မှန်တစ်လက်နဲ့ စာအုပ်တစ်အုပ်ကိုသဲသဲမဲမဲ ဖတ်နေတဲ့ အမေ့နား ဘောင်းဘီလေးကိုင်သွားပြီး ...“အမေ သားကိုဒီဘောင်းဘီလေး လေးလက်မလောက်ဖြက်ပြီးပြန်လုံးပေးပါလားဗျာ” လိုပြောတော့ အမေက စာကြည့်မျက်မှန်ပေါ်ကမျက်လုံးကိုကျော်ကြည့်တယ် “ သားရယ် ဖြစ်မှဖြစ်ရလေတယ် မင့်အမေ မျက်စေ့ အပ်ပေါက်တောင် ၀င်အောင်မထိုးနိုင်တာကြာပေါ့ကွယ် ” သူစိတ်မကောင်းနဲနဲဖြစ်သွားတယ် ဟုတ်တာပေါ့ အမေ အိုနေပြီပဲ
ဘောင်းဘီလေးကိုကိုင်ပြီး စားစရာတစ်ခုခု စားရအောင်နောက်ဖေးဝင်တော့ အိမ်တစ်ယောက် ခါးမှ အ၀တ်ပတ်ပြီး တစ်အိမ်လုံးစားဘို့ချက်ပြုတ်အလုပ်ရှုပ်နေဆဲ..၊ အိမ်သူကိုမြင်မှ စားစရမေ့ပြီးလက်ထဲဘောင်းဘီကိုသတိရတယ်.... “ ဒါလင် မင့်အလုပ်တွေပြီးရင် မနက်ဖြန်အစည်းအဝေးတတ်ဘို့ ဒီဘောင်းဘီလေး ကိုချေထောက်လေးလက်မလောက်ဖြက်ပေးပါလားကွာ... နဲနဲရှေနေလို့ ” အိမ်သူက လက်ထဲက ယောင်းမကို စားပွဲပေါ်ချပြီး “ ဟန်နီရယ် တချားဘောင်းဘီတထည်ဝတ်သွားလိုက်ပါလားကွာ ဒီမှာ ဒီကိုကြည့်ပါဦး မနက် အတွက် အများကြီးချက်ရလိမ့်ဦးမယ် ဒါမှမဟုတ်သမီးကိုမေးကြည့်ပါလားကွာ.. သူလဲအခုတော်တော် ချူပ်လုပ်တတ်နေပါပြီ..” .. အင်းဒါလဲဟုတ်တာပဲ.. ပင်ပန်းရိပ်တွေနဲ့ အိမ်သူရဲ့နဖူးကို အသာအယာတစ်ချက်နမ်းပြီး “ဒါဆို ကိုယ်သမီးကိုသွားရှာလိုက်မယ်လေ ”
အိမ်ပေါ်ကသမီးစာကြည့်ခန်းကို ဘောင်းဘီလေးကိုင်ပြီးတက်လာခဲ့တယ်...။ စာပွဲမှာ မျက်မှန်ထူထူ အရွယ်နဲ့မလိုက်အောင်တတ်ပြီးစာဖတ်နေတဲ့ သမီးကို “သမီးရေ ဖေဖေကိုဒီဘောင်းဘီလေး လေးလက်မလောက်အောက်ဖြက်ပေးပါလားကွာ ဖေဖေ နက်ဖြန်အစည်းအဝေး တက်ရင် ၀တ်ချင်လို့..။ ” သမီးက မျက်စေ့လေး မှေးပြီး “ဖေဖေရယ် သမီး နက်ဖြန်အဆိုင်းမန့်တွေတင်ရမယ်လေ.. ခုထိ အကုန်မပြီးသေးဘူးဖေဖေရယ် ” သူပြောမှ ငုံ့ကြည့်လိုက်တော့... ဟုတ်သား သမီးစားပွဲပေါ်မှာ ရေးလက်စ စာရွက်တွေမပြီးသေးပါလား.... ကိစမရှိပါဘူးလေ နက်ဖြန် အဟောင်းတွေထဲ အရောင်နဲနဲထွက်တာတစ်ခုရှာဝတ်သွားပါတော့မယ်....။
ညနေစား ခါတိုင်းလိုပဲ မိသားစုစုံလင်စားလိုက်ကြတယ်.. ပြီးတော့အမှတ်တမဲ့ပဲ ဘောင်းဘီကို အိမ်ရှေ့ခန်းက ကုလားထိုင်ပေါ်တင်ပြီး စောစောအိပ်ရာဝင်လိုက်လိုက်တယ်...
အမေကစောစောအိပ်နေကြ ဒီနေ့မှ အပေါ့အပါးသွားဘို့နိုးလာတုံး မှာ သားဘောင်းဘီကိုအိမ်ရှေ့ခန်းမှာသွားတွေ့တယ်...။ အော် သူ့ခမျာ သူအတွက် အ၀တ်အစားအင်မတန် ၀ယ်ခဲတဲ့ခလေး.. သူတောင်းဆိုတာလေး ငါညင်းမိတယ်ကွယ် စိတ်မကောင်းလိုက်တာလို့စဉ်းစားမိပြီး ဘောင်းဘီကိုယူ အောက်လေးလက်မဖြက်.. အပ်ပေါက်ကိုကြိုးစားပန်စားထိုးပြီး အနားပြန်သီပြီး သားတိုးလင်မယားအခန်းရှေ့မှာ ချိတ်ထားပေးလိုက်တယ် သူမနက်မြင်ရင် ၀မ်းသာမှာ...။
ဘေးနားမှာ အိပ်ပျော်နေတဲ့ လင်သားဟာ တစ်ခေါခေါ ဟောက်လို့... သူမကတော့အိပ်မပျော်သေး.. ဘေးဘယ်ညာလိမ့်ကောင်းတုံး..။ နောက်ဖေးမှာ စားပွဲပေါ်ရှိတဲ့ စားစရာလက်ကျန်တွေအုပ်ထားခဲ့ရဲ့လားဆိုတဲ့အတွေးနဲ့ ရင်ဘက်ပေါ်ကလင်သားရဲ့လက်ကိုအသာတွန်းဖယ်ပြီးထလာခဲ့တယ်....။ အခန်းဝမှာ ဘောင်းဘီသစ်တစ်ထည်..။ ညနေက သူ ချေထောက်ဖြက်ခိုင်းခဲ့တဲ့ဘောင်းဘီပဲ.... စိတ်ထဲမှာ ဖြက်ခနဲ ရည်းစားဘ၀ သူလက်ဆောင်ပေးတဲ့ စွတ်ကြယ်အင်္ကျီ တစ်ထည်ကို သမီးလေး အလယ်အတန်းအထိ မချွတ်တန်းဝတ်တတ်တဲ့ သူ့ကိုသတိရတယ်...။ ငါ ဖြက်ထားပေးလိုက်ပါမယ်လေ... လိုစဉ်းစားပြီး အောက်ကလေးလက်မဖြက် အနားပြန်လုံးပေးထားလိုက်တယ်... မနက်ကြရင် သူဝမ်းသာမှာ....မနက်အလုပ်သွားရင် မြင်ပြီးအံ့သြောရအောင်လို့.. ရေချိုးခန်းရှေ့မှာ ချိတ်ထားပေးခဲ့တယ်...။ ချိတ်ထားတဲ့ဘောင်းဘီကို တစ်ချက်ပြုံးကြည့်လိုက်ပြီး အိပ်ရာဝင်ခဲ့တယ်...။
နောက်ဆုံးလက်ကျန်စာရွက်ကိုရေးပြီးတဲ့နောက် သမီးစိတ်ထဲမှာပေါ့ပါးထွက်သွားတယ်...။ ဖေဖေ မေမေ နဲ့ ဖွားဖွား အိပ်နေကြပြီးပဲ...။ ခဏ အပေါ့သွားပြီ အိပ်မယ် မနက် အားနဲ့အင်နဲ့ ကျောင်းကိုသွားမယ်...အဆိုင်းမန့်တစ်ထပ်ကြီး ပြီးသွားတဲ့ ကျောင်းသူကို အထင်တကြီးဝိုင်းကြည့်နေကြမယ့် မျက်လုံးတွေကို အရသာခံ နဲနဲစဉ်းစားလိုက်ပြီး အောက်ဆင်းလာခဲ့တယ်...။ ရေချိုးခန်းရှေ့မှာ ဘောင်းဘီသစ်တထည် ချိတ်ထားတာတွေမှာ ညနေက ဖေဖေ အောက်ဘက်ကဖြက်ခိုင်းတဲ့ဘောင်းဘီပဲ..။ သမီးကိုငယ်ငယ်က မေမေ မအားလို့ အလုပ်ထဲမှာ ကျောပိုးပြီအလုပ်လုပ်ခဲ့တဲ့ဖေဖေ အတွက် သမီးက ဘောင်းလေးအောက်ဖြက်ဘို့တောင်းညင်းမိတယ်ကွယ်... စိတ်မကောင်းလိုက်တာ.... ဘောင်းဘီလေးကိုယူပီး အောက် လေးလက်မဖြက် အနားပြန်လုံးပြီး ဖေဖေ အိပ်ခန်းရှေ့ သွားပြန်ချိန်ထားပေးလိုက်တယ်....။
မနက်သူအိပ်ရာထ ရေချိုးပြီး အခန်းထဲပြန်ဝင်မယ်လုပ်တော့ ဘောင်းဘီသစ်လေးကိုအခန်းရှေ့မှာတွေတယ်...။ အောက်ကိုကြည့်တော့ ဖြက်ထားပြီးသားလေးဖြစ်နေတာနဲ့ အောက်ကိုကာဖီဆင်းမသောက်ခင် ၀တ်သွားမယ်လို့ ဆုံးဖြက်ပြီး ၀တ်လိုက်တယ်.... ဟင်း ဘောင်းဘီက ဒူးခေါင်းအောက်နားလေးနဲနဲပဲရှိပါတော့လား...။ မနေ့က သူများတွေမအားတုံး အောက်ကဖြက်ခိုင်းမိလို့ စိတ်ပေါက်ပေါက်နဲ့ တစ်ယောက်ယောက် အရွဲ့တိုက်လေပြီးလားကွယ်...။ အဲဒီပုံစံနဲ့ဘောင်းဘီကိုပဲ ၀တ်ပြီး ကော်ဖီဆင်းသောက်ရင်း အားလုံးကို မေးလိုက်တယ် ..။ “ ဘောင်းဘီလေး ဘယ်လိုဖြစ်သွားလဲဗျာ ချေသလုံး အလယ်တောင်မရောက်ချင်တော့ဘူး” အမေကစပြောတယ် ”သားရယ် အမေလေးလက်မပဲဖြက်လိုက်တာပါ မင်းပြောတဲ့အတိုင်းပါပဲ “ အိမ်သူ အံ့သြောပြီး ကာဖီဖျော်နေလက်ရပ်ပြီး “ ဆောတီပါ ကိုရယ် ဒါလင် အမေဖြက်ထားတာမသိပဲ လေးလက်မထပ်ဖြက်လိုက်မိတယ်” သမီး စားလက်စမုန့်တန်းလမ်းကြီးနဲ့ “ စိတ်မဆိုးပါနဲ့ ဖေဖေရယ်သမီး ဖွားဖွားနဲ့မေမေ ဖြက်ထားမိမှန်းမသိလို့ လေးလက်မထပ်ဖြက်လိုက်မိတယ်” ............... ။ သူစိတ်ဆိုးမလားလို့ စောင့်ကြည့်ကြပေမဲ့ သူအကြာကြီးပြုံးနေတာကိုပဲ သုံးယောက်လုံးမြင်ကြရတယ်... သုံးယောက်လုံး ပြိုင်တူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်....။ သူဘယ်လိုဖြစ်သွားပြီလဲပေါ့...။ ခဏနေတော့မှ ဘောင်းဘီကိုလက်နဲ့ပွတ်သတ်ရင်း သူကပြော...။ “ အားလုံးပဲ ဒီဘောင်းဘီကိုဒီအတိုင်း ရုံးကိုဝတ်သွားမယ် ချေသလုံးလောက်ရှိတဲ့ ဘောင်းဘီကို ၀တ်ပြီးအစည်းအဝေးတက်လာတဲ့ သူကိုတရုံးလုံး ဘာဖြစ်တာလဲ လို့ ၀ိုင်းမေးကြမှာပဲ... အဲဒိအခါကြရင် ငါ့မိသားစုက ငါ့ကိုဘယ်လောက်ချစ်တဲ့အကြောင်း အားလုံးပြောပြမယ်...“
သူတစ်ကယ်ပဲဒီနေ့က အဲဒီအတိုင်း ရုံးကိုထွက်သွားခဲ့တယ်...။....။