1. သင့်ချစ်သူရဲ့နောက်ကျောဖက်မှ တိတ်တဆိတ်လာပြီး လက်ညိုးကိုသေနတ်ပုံစံထား၍ သူမကျောကုန်းကို ထိလိုက် ပါ
"လက်မြှောက် မင်းကို ဖမ်းလိုက်ပြီ"
girl: ဘာလို့လဲ?
"ငါ့နှလုံးသားကိုခိုးယူတဲ့အတွက်"
2. No လို့ပြောပြီးမင်းဘ၀ကို ကိုယ်တိုင် မသိမ်းပိုက်ထားပါနဲ့
YES လို့ပြောပြီးငါ့ဘ၀ကိုပါ သိမ်းပိုက်လိုက်စမ်းပါ?
3. မင်းပင်ပန်းနေပြီလား?
girl:ဘာလို့လဲ?
ဘာလို့လဲဆိုတော့ ငါ့ရဲ့အတွေးတွေထဲမှာ မင်းကတစ်ချိန်လုံးပြေးလွှားနေခဲ့ရတာလေ!
4. "ဒီဘောပင်ကိုငါရေးတာ မင်မထွက်လို့ မင်းဖုန်းနံပါတ်လေး တစ်ချက်လောက် ရေးစမ်းကြည့်ပါလား?"
5. ငါမင်းရဲ့မျက်လုံးတွေထဲမှာလမ်းပျောက်နေလို့ မင်းနှလုံးသားဆီကိုအမြန်ဆုံးရောက်မဲ့လမ်းကိုညွှန်ပေးပါလား?
6. သင့်ချစ်သူဝတ်ဆင်ထားသော T-Shirt ပေါ်ကို သင့်မျက်လုံးကိုထားပြီး အာရုံစူးစိုက်ထားပါ
"ဘာကြည့်နေတာလဲ" လို့ သူမေးပါလိမ့်မည်
"အင်း.....မင်းကို နတ်ပြည်ကများမွေးဖွားပေးလိုက်တာလားလို့ စစ်ဆေးနေတာပါ."
7. ပန်းတစ်ပွင့်ကို သင့်ချစ်သူကိုလက်ဆောင်သွားပေးရင်း ဒီလိုပြောပါ
"မင်း ဘယ်လောက်လှတယ်ဆိုတာ ဒီပန်းလေးကို ငါလာပြတာပါ..သူမယုံလို့လေ."
8. မင်း..သားနဲ့ ငါ့..သမီး တို့ မောင်နှမအရင်းတွေတော်ကြဖို့ ငါရဲ့အချစ်ကိုလက်ခံပေးပါ
9. မင်းရဲ့အမေကို အရမ်းကျေးဇူးတင်တာပဲ
"ဘာလို့လဲ?"
"ငါ့ဘ၀အတွက်နတ်သမီးလေးတစ်ပါးကိုမွေးဖွားပေးလိုက်လို့၊ပြီးတော့ အဲ့ဒီနတ်သမီးလေးကိုလည်းငါချစ်မိနေလို့"
10. လူအုပ်ကြားထဲကမင်းကိုရှာဖွေဖို့ ငါ့မျက်လုံးတွေက Google ထက်မြန်ခဲ့ပေမယ့်၊မင်းကိုချစ်တယ်လို့ဖွင့်ပြောမယ်လို့
စဉ်းစားမိတိုင်း ငါ့နှလုံးသားတွေက မြို့ပတ်ရထားလိုမျိုး နှေးကွေးလာခဲ့လို့ပါ
11.လူတစ်ယောက်ကို နာကျင်မှုနဲ့ပျော်ရွှင်မှုကို တစ်ပြိုင်တည်းခံစားစေတာ ပွေ့ဖက်ခြင်းဆိုတာ မင်းယုံလားဟင်
12.မင်းကို ဘာလို့ချစ်တာလဲလို့တော့ ငါ့ကိုမမေးပါနဲ့ ၊စကားတစ်ခုရှိတယ်လေ..ရှင်းပြနိုင်တာ Like ၊မရှင်းပြနိုင်တာကမှ
love တဲ့..၊
13. မင်းထက်အရပ်မြင့်တဲ့ငါက ငါ့ထက်အရပ်ပုတဲ့မင်းကို ဘာကြောင့်ချစ်လဲဆိုတာသိချင်လား
girl: ဘာလို့လဲ?
မင်းတစ်ယောက်ထဲအတွက် ရွေးရွေးပြီး ခုန်ခုန်နေတဲ့ ငါ့ရဲ့ရင်ခုန်သံကို မင်းအနီးကပ် နားထောင်နိုင်အောင်လို့လေ
No comments:
Post a Comment