2) ဘာဘီ လို့ ခေါ်တဲ့ ကလေးလေးတွေရဲ့ အချစ်တော် ကောင်မလေးရဲ့ နာမည်အပြည့်အစုံက Barbara Millicent Roberts လို့ ခေါ်ပါတယ်။
3) ကမ္ဘာကျော် Walt Disney ရဲ့ Mickey Mouse ဇာတ်ကားလေးတွေကို မှတ်မိနေအုံးမယ်ထင်ပါတယ်။ ထူးဆန်းတာက အဲဒီဇာတ်ကားတွေရဲ့ Creator ကြီး Walt Disney က ကြွက်ကလေးတွေကို အလွန်ကြောက်တတ်ပါတယ်တဲ့  ။
4) အားလုံးပဲ လျှပ်စစ်မီးသီးကို တီထွင်ခဲ့ တဲ့ Thomas Edison ကိုသိကြပါတယ်။ တကယ်တော့သူဟာ အမှောင်ကို အင်မတန်ကြောက်ခဲ့ တဲ့ သူတယောက်ဖြစ်ပါတယ်တဲ့ ။
5) ကမ္ဘာကျော် အမေရိကန်စာရေးဆရာ Ernest Vincent Wright ရေးခဲ့ တဲ “Gadsby” ဆိုတဲ့ ဝထ္တုမှာ စာလုံးအရေအတွက်ပေါင်း ငါးသောင်းကျော်ပါဝင်ပြီး အဲဒီထဲမှာ Introduction ပိုင်းကလွဲပြီး ကျန်တဲ့ အပိုင်းတွေမှာ အက္ခရာ E တလုံးမှ မပါပါဘူးတဲ့။ ( E မပါတဲ့ ဝတ္ထုပေါ့နော် )
6) ကမ္ဘာကျော် ပန်းချီဆရာကြီး ရဲ့ ပီကာဆိုရဲ့ နာမည်မှာ စာလုံးပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။ နာမည်အပြည့် အစုံက Pablo Diego Jose Francisco de Paula Juan Nepomuceno Maria de los Remedios Cipriano de la Santisima Trinidad Ruiz Picasso ဖြစ်ပါတယ်။ စပိန်လူမျိုးတွေရဲ့ နာမည်ရှည်ရှည်ပေးတဲ့ ဓလေ့ ထုံးစံလို့ သိရပါတယ်။ ( သူတို့ ကိုကျောင်းမှာ roll call မခေါ်ဘူးလား မသိ
7) ကျွန်မတို့ သိကြတဲ့ အိုင်းစတိုင်းရဲ့  IQ က ၁၆၀ တိတိရှိပါတယ်။ ဒါပေမယ့် သူဟာငယ်စဉ်က ကိုးနှစ်သားအရွယ်ထိ စကားကောင်းကောင်းမပြောနိုင်လို့ သူ့ မိဘတွေက သူ့ ကို စိတ်ပိုင်းဆိုင်ရာ တခုခုချို့ ယွင်းနေတယ်လို့ ထင်ခဲ့ ကြပါတယ်။
8) ရှေးအီဂျစ်ဘုရင်ခေတ်တုန်းက ဘုန်းကြီးတွေက သူတို့ ကိုယ်ပေါ်မှာ ရှိသမျှ အမွှေးအကုန်လုံးကို နှုတ်ပစ်ရတယ်တဲ့ ။ မျက်ခုံးမွှေး မျက်တောင်မွှေးပါ မကျန်ဆိုပဲ..:P။
9) Los Angeles (L.A) လို့ ကျွန်မတို့ ခေါ်နေကြတဲ့ အမေရိကန်ပြန်ထောင်စု ကယ်လီဖိုးနီးယားရဲ့ မြို့ တော် ရဲ့ နာမည်အရှည်က “El Pueblo de Nuestra Senora la Reina de los Angeles de Porciuncula” ဖြစ်ပါတယ်။ Google ကနေ ဘာသာပြန်ကြည့် တာကတော့  The Town of Our Lady the Queen of the Angels of Porciunculaလို့ ဘာသာပြန်ထားပေးပါတယ်။
10)စာလုံးတစ်လုံးနဲ့ တစ်လုံးမထပ်စေရပဲ အရှည်ဆုံးပေါင်းနိုင်တဲ့ တခုတည်းသော စကားလုံးက “uncopyrightable”!ဖြစ်ပါတယ်။
11)ကမ္ဘာကျော် စာရေးဆရာကြီး Charles Dickens က သူအိပ်ရင် အမြဲမြောက်ဖက်ကို ခေါင်းပြုပြီး အိပ်လေ့ ရှိပါတယ်။ ဒီလိုအိပ်ခြင်းက သူ့ ရဲ့ စာအရေးအသားကို ပိုမိုပြောင်မြောက်စေတယ်လို့ ယူဆတဲ့ အတွက်ဖြစ်ပါတယ်တဲ့ ။
12)Alfred Nobel ဟာ ဒိုင်းနမိုက်ကို တီထွင်စဉ်က ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ တီထွင်ခဲ့ ပေမယ့်လည်း လူသားတွေက စစ်ပွဲလိုနေရာမျိုးတွေမှာ အသုံးပြုကြတာကိုမြင်ရတော့ အများကြီးစိတ်ထိခိုက်ခဲ့ ရပါတယ်။ ဒါကြောင့်သူမသေမှီ တီထွင်ခဲ့ တဲ့ တီထွင်မှုအမျိုးပေါင်း ၃၅၀ ကျော်ကတဆင့် သူရခဲ့ တဲ့ ပိုက်ဆံတွေကို နိုဗယ်လ်ဆုအနေနဲ့ ချီးမြှင့်ဖို့ သေတမ်းစာထားခဲ့ ပါတယ်။ အဲဒီကနေမှ တဆင့်ဒီနေ့ အားလုံးသိကြတဲ့ နိုလ်ဗယ်လ်ဆု ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
13)ထင်ရှားကျော်ကြားတဲ့ သူတွေရဲ့ နောက်ဆုံးစကားဆိုတာ အလွန်တန်ဖိုးရှိပြီး သမိုင်းမှာ မှတ်တမ်းတင်လေ့ ရှိကြပါတယ်။ ဒါပေမယ့်အိုင်းစတိုင်းရဲ့ နောက်ဆုံးစကားကိုတော့ ဘယ်သူမှ မသိခဲ့ ရပါတယ်။ ဂျာမန်လူမျိုးအိုင်းစတိုင်းကွယ်လွန်ခါနီးနောက်ဆုံးအချိန် ဘေးမှာရှိနေခဲ့ တဲ့ သူနာပြုက ဂျာမန်ဘာသာစကားကို နားလည်တဲ့ သူမဟုတ်တာကြောင့် အိုင်းစတိုင်းကွယ်လွန်ခါနီး ဘာပြောခဲ့ လဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။
14)ရှေးခေတ် Elizabeth I ဘုရင်မကြီးခေတ်တုန်းက ယောင်္ကျားတွေဟာ သူတို့ မုတ်ဆိတ်အတိုအရှည်အပေါ်မူတည်ပြီးတော့ အခွန်ငွေပေးသွင်းခဲ့ ရပါတယ်။
15)လူတစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ အတွက် တိုင်းပြည်တစ်ခုမှာ တရားဝင်အားလပ်ရက် ပိတ်ရက်အဖြစ်ပေးထားတာကို သိကြပါသလား။ U.S မှာ သူတို့ ရဲ့ ပထမဆုံးသမ္မတကြီး George Washington ရဲ့ မွေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဖေဖော်ဝါရီလရဲ့ တတိယပတ် တင်္နလာနေ့ ကို Washington’s Birthday ဆိုပြီး တရားဝင်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။
16)Nemo တို့ လို အရမ်းချစ်ဖို့ ကောင်းတဲ့ ကာတွန်းကားလေးတွေကြည့် ပြီး ငါးမွေးချင်လိုက်တာလဲ လွန်ပါရော။ ဒါပေမယ့်ဝမ်းနည်းစရာကောင်းတာက ရွှေငါးတစ်ကောင်ရဲ့ မှတ်ဥာဏ်က ၃ စက္ကန့် ပဲလို့ ဆိုပြန်တာကြောင့် ကိုယ့်ကိုမမှတ်မိနေမယ့်တူတူ မွေးမနေတော့ ပါဘူး