Tuesday, February 7, 2017

သိကောင်းစရာများ

ကိုယ်ဝန်ဆောင်တာဟာ (LMP) နောက်ဆုံး ရာသီလာတဲ့ရက်ကနေ စတွက်ရင် ပျမ်းမျှ
ရက်သတ္တပါတ်ပေါင်း (၄ဝ) ကြာတယ်။ ကိုယ်ဝန်ကို (၃) လ စီ (၃) ပိုင်း
ခွဲခြားလေ့လာတယ်။ First trimester ပဌမ ၃ လ၊ Second trimester ဒုတိယ ၃ လ
နဲ့ Third trimester တတိယ ၃ လလို့ ခေါ်ကြတယ်။
1. ပဌမ ၃ လဆိုတာ သန္ဓေစတည်ချိန်ကနေ နောက် ၁၂ ပါတ်အထိ။
2. ဒုတိယ ၃ လဆိုတာ ၁၃ ပါတ်ကနေ ၂၇ ပါတ်အထိ၊
3. တတိယ ၃ လဆိုတာ ၂၈ ပါတ်ကနေ မွေးတဲ့အထိ။

၁-၁၂ ပါတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေပြောင်းလဲလာသလဲ။
• ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ
အပြောင်းအလဲတွေ အများကြီးဖြစ်လာစေတယ်။
• လစဉ်ရာသီ မလာတော့ဘူး။
• စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါပြောင်းလာတယ်။
• မောပန်းလွယ်မယ်။
• ရင်သား နာတယ်၊ ပိုကြီးထွားလာမယ်။
• နို့သီးထိပ်ဖျားလဲ သိသိသာသာဖြစ်လာမယ်။
• အစာမကျေသလိုဖြစ်လာမယ်။ ပျို့ချင်-အန်ချင်ဖြစ်မယ်။
• Morning sickness ခေါ်ကြတယ်။
• အစားအစာ တမျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။
• စိတ်မူ ပြောင်းလာနိုင်တယ်။
• ဝမ်းချုပ်တတ်တယ်
• ဆီးခဏခဏသွားချင်မယ်။ • ခေါင်းကိုက်မယ်။
• ရင်ပူမယ်။
• ကိုယ်အလေးချိန်တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။
• စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နဲနဲ နဲ့
ခဏခဏစားချင်လာမယ်။ ကိုယ်ဝန်ရင့်လာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။
တချို့မှာတော့ တောက်လျှောက် နေမကောင်းဖြစ်နေတတ်တယ်။
ရက်သတ္တ (၄) ပါတ် သန္ဓေသား
• ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။
• နှလုံးလဲ စတင်ဖြစ်လာပြီ။
• ခြေ-လက်ဖြစ်လာမဲ့ အရာလဲ ပေါ်လာပြီ။
• သန္ဓေသားဟာ တလက္မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။

ရက်သတ္တ (ဂ) ပါတ် သန္ဓေသား
• အဓိကအင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ်ရှိလာပြီ။
• နှလုံးခုန်တာ စည်းချက်ကျကျကြားရပြီ။
• ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။
• ယောက်ျားလေး-မိန်ကလေး ခွဲခြားဖြစ်လာပြီ။
• မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီ။ မျက်ရစ်ပေါ်လာပြီ
• ချက်ကျိုးကို ကောင်းကောင်းမြင်လာရပြီ။
• ရက်သတ္တ (ဂ) ပါတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို
ပီပြင်လာပြီ။ တလက္မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ ပုံ ၁
ပုံရှိလာပြီ။ (၁ အောင်စ = ၂၈့၃ ဂရမ်)

ရက်သတ္တ (၁၂) ပါတ် သန္ဓေသား
• အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာကြပြီ။
• လက်သီးဆုပ်တတ်လာပြီ။
• အပြင်ပန်းအရ ယောက်ျားလိင်အင်္ဂါ၊ မိန်းမ လိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပဌမ
၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်ကိုသိနိုင်ပြီ။
• မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။
၂၈ ပါတ်ထိ မဖွင့်ဘူး။
• ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။
၃ လက္မအထိရှည်လာပြီ။ တအောင်စအထိ လေးလံလာပြီ။

• ရက်သတ္တ (၁၃-၂၈) ပါတ် သန္ဓေသား ကိုယ်ဝန် ဒုတိယ (၃) လ
• များသောအားဖြင့် ကိုယ်ဝန် ဒုတိယပါတ်ဟာ ပဌမပါတ်ထက် နေရထိုင်ရ
သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ၊ အားကုန်တာတွေ
ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖေါင်းလာတာက
ပိုသိသာလာမယ်။ အထဲက ကလေးလှုတ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ
သတိထားမိမယ်။

ရက်သတ္တ (၁၆) ပါတ် သန္ဓေသား
• ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာဖြစ်လာမယ်။ ပေါင်-ခြေသလုံးတွေ နာနိုင်တယ်။
• ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။
• ရင်သားထိပ်က အရောင်ပိုမဲလာမယ်။
• ချက်ကနေ အောက်တည့်တည့် တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။
• ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့
အစက်အပျောက်တွေပေါ်လာနိုင်တယ်။
• မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင်
မျက်နှာဖုံးလို့ ခေါ်ကြတယ်။
• လက်တွေမျာ ထုံကျင်ကျင်ဖြစ်လာတာကို Carpal tunnel syndrome
(ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။
• ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊
အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ယားတာ တွဲဖြစ်ရင်တော့
ဆရာဝန်ပြပါ။ အသဲကို စစ်ဆေးဘို့ လိုမယ်။
• ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။
ဆီးအနည်ပါနေမယ်၊ ကိုယ်အလေးချိန်တိုးတာ များမယ်ဆိုရင် ဆရာဝန်ပြပါ။

ရက်သတ္တ (၁၆) ပါတ် သန္ဓေသား
• ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။
• အရေပြားလဲ ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။
• Meconium ငယ်ချီး ဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုတ်ရှားလာနေပြီ။
• ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ
• အရှည် ၄-၅ လက္မ နဲ့ အလေးချိန် ၃ အောင်စရှိလာပြီ။

ရက်သတ္တ (၂ဝ) ပါတ် သန္ဓေသား
• ပိုလှုတ်ရှားတတ်လာပြီ။
• Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့
ဖယောင်းလိုအရာလဲရှိလာပြီ။
• မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။
• အကြားအာရုံရှိလာပြီ။ မျိုချတတ်လာပြီ။
• ၆ လက္မရှည်ပြီး ၉ အောင်စ လေးလာပြီ။

ရက်သတ္တ (၂၄) ပါတ် သန္ဓေသား
• Bone marrow ရိုးတွင်းခြင်ဆီဖြစ်လာလို့ သွေးဥတွေထုတ်လုပ်လာပြီ။
• Taste buds လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေဖြစ်လာပြီ။
• လက်ဗွေ၊ ခြေဗွေတွေဖြစ်လာပြီ။
• ခေါင်းမှာ တကယ့်ဆံပင်ဖြစ်လာပြီ။
• အဆုပ်တွေဖြစ်လာပြီ။ အလုပ်တော့မလုပ်သေးဘူး။
• Startle reflex ခေါ်တဲ့ ရုတ်တရက်တခုခုကနေ ထိခိုက်စေသလိုမျိုး
သက်ရောက်မှုရှိတာကို အလိုလို တုံ့းပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ
မျက်စိကို ကာကွယ်ဘို့ မျက်တောင်ပိတ်ပြစ်တာမျိုး။ လက်တွေကလဲ အဲလိုသဘော
လုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။
• အိပ်တတ်၊ နိးတတ်လာပြီ။
• ယောက်ျားလေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲဆင်းလာပြီ။
• မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျဖြစ်လာပြီ။
• အရပ်က ၁၂ လက္မရှည်ပြီ။ အဆီကိုစုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။
၁ ပေါင်ခွဲလေးလာပြီ။

တတိယ (၃) လပိုင်း ရက်သတ္တ (၂၉-၄ဝ) ပါတ်
• အသက်ရှူရတာ နဲနဲခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဘို့ ခဏခဏသွားရမယ်။
ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ဖြစ်ရတယ်။
• စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော
ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။
• ရင်ပူမယ်။
• ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။
• လိပ်ခေါင်းရှိလာမယ်။
• ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် Pre-milk နို့ဦးရည်ကြည်ခေါ်တဲ့
Colostrums ထွက်မယ်။
• ချက်ကစူလာမယ်။
• အိပ်ရတာခက်လာမယ်
• သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။

ကိုယ်ဝန် ၃၂ ပါတ်
• ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။
• ခြေကန်တာ သန်လာပြီ။
• အလင်းရောင်ရရင် မျက်စိမှိတ်တတ်-ဖွင့်တတ်ပြီ။
• အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓါတ်တွေကို လှောင်ထားနိုင်လာပြီ။
• အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။
• အလေးချိန်က တိုးသထက်တိုးလာတယ်။ ၇ ရက်တပါတ်မှာ ဂ အောင်စနှုန်းတိုးလာမယ်။
အခုဆိုရင် ၁၅-၁၇ လက္မအရပ်ရှိပြီ။ ၄ ပေါင်၊ ၄ ပေါင်ခွဲလေးလာပြီ။

ကိုယ်ဝန် ၃၆ ပါတ်
• အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။
• အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက်
လှုတ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက္မ နဲ့ ၆-၆့၅ ပေါင်ရှိလာပြီ။

၃၇-၄ဝ ပါတ်
• ၃၇ ပါတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။
• အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။

Monday, February 6, 2017

ကိုယ်ဝန်ဆောင်တွေ အမေး များသော မေးခွန်းများ

ကိုယ်ဝန်ဆောင် မိခင်လောင်းများ မေးလေ့ရှိသော မေးခွန်းများ
မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဘာကြောင့် ကောင်းမွန်ပြည့်ဝစွာ စားသောက်ဖို့ လိုအပ်တာပါလဲ။
ဖြေ - ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှုဟာ ကိုယ်ဝန်ဆောင်ကိုရော သန္ဓေသားကိုပါ ကျန်းမာစေတာ ကြောင့် အရေးကြီးပါတယ်။ မိခင်ရဲ့စားသောက်တဲ့ အစားအစာများကြောင့်သာ သန္ဓေသားက ကြီးထွားရတာ ဖြစ်သလို၊ သူကျန်းကျန်းမာမာရှိစေရန် လိုအပ်တဲ့အာဟာရတွေရဖို့ကိုလည်း မိခင်စားသောက်တဲ့ အစားအစာ တွေပေါ်မှာပဲ မှီခိုရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တိုင်း အစားအသောက်မှရတဲ့စွမ်းအင်၊ အာဟာရနဲ့ ရေ ဓါတ်တွေပိုပြီး လိုအပ်ပါတယ်။ ဒီအချိန်မှာ ကိုယ်စားနေကျပမာဏထက် ပိုပြီးတိုးတက်စားသောက်ပေးဖို့လိုအပ် ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အထူးအရေးကြီးတာကတော့ ကိုယ်ခန္ဓာအတွက်လပ်တဲ့ ကယ်လ်ဆီယမ် မါတ်၊ သံဓါတ်နှင့် ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက်ရနိုင်ဖို့ပဲ ဖြစ်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်စဉ်မှာ ဗီတာမင်နှင့်သတ္တုဓါတ်တွေ ဖြည့်စွက်စားသောက်ပေးဖို့ လိုပါသလား။
ဖြေ - အဓိကလိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓါတ်များကို နေ့စဉ်စားသုံးတဲ့အစာအာဟာရများမှ ရရှိအောင် စားသုံး ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မျှတတဲ့စားသောက်မှုပုံစံဖြစ်အောင် စီစဉ်စားသုံးပါ။ အဓိကလိုအပ်တဲ့ သံဓါတ်၊ ဖောလစ်အက်ဆစ်ဓါတ်၊ ကယ်လ်ဆီယမ်နှင့် အမျှင်ဓါတ်တို့ကို နှံစားသီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၊ နို့နှင့် နို့ထွက်ပစ္စည်းများအပြင် အသားများစားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တို့ အ တွက် အထူးစီစဉ်ထုတ်လုပ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ် ၀န်ဆောင်အားဆေးများနှင့် အခြားအားဆေးများကိုတော့ ဆရာဝန်၊ သားဖွားဆရာမများကို တိုင်ပင်ပြီးမှ သုံးစွဲ သင့်ပါတယ်။
မေး - ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်အလေးချိန် မည်မျှတက်လာပါသလဲ။
ဖြေ - ကိုယ်အလေးချိန်တက်နှုန်းဟာ ကိုယ်ဝန်ဆောင်ရဲ့ အရပ်အမြင့်နဲ့လည်း ဆိုင်ပါတယ်။ ယေဘူယျ အား ဖြင့်တော့ ၁၅ပေါင်မှ ၄၀ပေါင်အထိ တက်လာပါတယ်။
မေး - နို့မကြိုက်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် တစ်နေ့ကို ၃-၄ကြိမ် နို့သောက်ဖို့အတွက် ဘယ်လိုစီစဉ်နိုင် ပါသလဲ။
ဖြေ - နို့အစား ဒိန်ခဲ၊ ပူတင်းနှင့် ဒိန်ချဉ်များကိုလည်း စားသုံးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဖြစ်လေ့ရှိသော ဝေဒနာများ (Common Complaints)
ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံးရက်သတ္တပါတ်များမှာ စိုးရိမ်စရာမလိုတဲ့ ဝေဒနာလေးတွေ ခံစားရတတ် ပါတယ်။
ခါးနာခြင်း (Backache)
ကြီးထွားလာတဲ့ ကိုယ်ဝန်ရဲ့အလေးချိန်ကြောင့် ခါးရိုးမှာ အားသက်ရောက်မှုဖြစ်လာရတာကြောင့် ခါးနှင့် ခါး အောက်ပိုင်း အရိုးအဆစ်တွေ နာကျင်မှုဖြစ်တတ်ပါတယ်။
ဘယ်လိုသက်သာအောင်လုပ်မလဲ (What to do to avoid ...)
- ခါးနှင့်ကိုယ်ကို ဖြောင့်ဖြောင့်နေပါ။
- ဖိနပ်အနိမ့်များကိုသာ စီးပါ။
- တစ်ခုခုကို မယူမည်ဆိုလျှင် ဒူးကိုသာကွေးပါ။ ခါးကိုမကုန်းပါနှင့်။
- ထိုင်ရာမှ ထချင်လျှင် လက်ကိုပေါင်ပေါ်တွင်ထောက် အားယူပြီးထပါ။
- အိပ်နေရာမှ ထလိုလျှင် ဘေးတစောင်းဖြစ်အောင် ပြုပြင်ပြီး လက်မောင်းများအားကို အသုံးပြုရ်ျထပါ။
သွားဖုံးများ သွေးထွက်ခြင်း (Bleeding Gum)
ကိုယ်ဝန်ဆောင်စဉ်မှာ နုနယ်လာတဲ့သွားဖုံးများ သွေးထွက်လွယ်ပါတယ်။ ဂရုပြုပြီး သွားတိုက်ခြင်း၊ ခံတွင်း စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့သည် သွားများ ပျက်စီးမှုကို အကာအကွယ်ဖြစ်စေပါသည်။
အသက်ရှူမ၀ခြင်း (Breathlessness)
ကိုယ်ဝန်ဆောင်နေစဉ် အသက်ရှူမမှုတွေ ဖြစ်တတ်ပါတယ်။ ကြီးထွားလာတဲ့ သားအိမ်က ရင်ခေါင်း တွင်းက အမြှေးပါးလေးကို တွန်းပင့်ထားသလို ဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ပက်လက်နေလျှင် ပိုပြီးအဆင် မပြေ ဖြစ်တတ်ပါတယ်။ အိပ်တဲ့အခါ ခေါင်းအုံးများ ပိုအသုံးပြုပြီးအိပ်စက်ပါ။ ကိုယ်ဝန်နောက်ဆုံးလမှာတော့ ဒီပြဿနာပျောက်သွားမှာ ဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်း (Constipation)
ကိုယ်ဝန်ဆောင်နေချိန်တွင် ခန္ဓာကိုယ်တွင်းအူလမ်းကြောင်းများ ပုံမှန်ထက် နှေးကွေးစွာ အလုပ် လုပ် သောကြောင့် ၀မ်းချုပ်ခြင်း မကြာခဏဖြစ်တတ်ပါသည်။
သက်သာအောင် ဘာတွေလုပ်ရမည်လဲ (What to do to ...)
- အမျှင်ဓါတ်များများပါတဲ့အစာများ၊ သစ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များစားသုံးပြီး ရေများများ သောက် ပေးပါ။
- ၀မ်းသွားလိုပါက ချုပ်တည်းမထားပါနှင့်။
- ၀မ်းချုပ်တာ ဆက်တိုက်ဖြစ်နေလျှင်တော့ ၀မ်းပျော့ဆေး၊ ၀မ်းနုတ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီး သောက် သုံးပါ။
ကြွက်တက်ခြင်း (Cramp)
တစ်ချို့သော ကိုယ်ဝန်သည်များဟာ ခြေထောက်နှင့် ခြေသလုံးကြွက်သားတက်သည့် ဝေဒနာများ ခံစားရ တတ် ပါတယ်။ ညဘက်တွေမှာ ပိုပြီးဖြစတ်ပါတယ်။ ခြေထောက်အကြောလျှော့ခြင်း၊ ဆေးလူးခြင်း၊ ခေတ္တလမ်းလျှောက် ပေးခြင်းဖြင့် သက်သာအောင် လုပ်ပေးနိုင်ပါတယ်။
ခေါင်းမူးခြင်း (Dizziness)
ခန္ဓာကိုယ်အတွင်း ဟိုမုန်းဓါတ်များပြောင်းလဲမှုကြောင့် ပက်လက်နေထိုင်စဉ်၊ ရုတ်တရက်ထလိုက်စဉ်၊
အချိန်ကြာကြာရပ်နေစဉ် စတဲ့အခြေအနေတွေမှာ ခေါင်းမူးတတ်ပါတယ်။ ဒီလိုမူးဝေလာလျှင် ထိုင်ချလိုက်ပါ၊ ဦးခေါင်းကို ငုံ့ထားပါ။ ပက်လက်မနေပါနှင့်။
မကြာခဏဆီးထွက်ခြင်း (Frequent Urination)
မကြာခဏဆီးထွက်မှုကတော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလများနှင့် နောက်ပိုင်းကာလတွေမှာ
အဖြစ်များပါတယ်။ ညဘက်အိပ်ယာဝက်ခါနီး ရေများများမသောက်ရန် လိုအပ်ပါတယ်။
ရင်ပူတဲ့ဝေဒနာ (Heartburn)
အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေဟာ ရင်ခေါင်းပေါ်တက်လာတတ်တာမို့ ရင်ပူတဲ့ဝေဒနာကို ကိုယ် ၀န်ဆောင် တွေခံစားရတတ်ပါတယ်။ ပက်လက်အိပ်နေရင် ပိုဆိုးတတ်တာမို့ ခေါင်းအုံးမြင့်မြင့်ထားပြီးအိပ်ပါ။
အစာကိုနည်းနည်းနှင့် အကြိမ်များများစားသုံးပါ။ အိပ်ယာဝင်ခါနီး (၄)နာရီအလိုမှာတော့ ဘာမှမစားသင့်တော့ ပါဘူုး။ အစာအိမ်ဆေးဖြစ်တဲ့ Antacid ဆေးတွေကိုတော့ ကိုယ်ဝန်ဆောင်ပထမ ၁၂ပတ်မှာ လုံးဝမစားသင့်ပါဘူး။
ယားယံခြင်း (Itching)
ကိုယ်ဝန်ဆောင်စဉ်မှာ ၀မ်းဗိုက်အကြောတွေ ဆန့်ထွက်ရတာကြောင့် ယားယံ(နာကျင်ကိုက်ခဲ)မှု ကလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မွေးဖွားခါနီး သုံးလလောက်အထိ ဒီပြဿနာဖြစ်နေရင်တော့ ဆရာဝန် နှင့် ပြသသင့်ပါတယ်။ ဒါဟာ အသည်းရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။
မူးဝေအော့အန်ခြင်း (Nausea and Morning Sickness)
မူးဝေအော့အန်တာကတော့ ကိုယ်ဝန်ရှိခြင်းရဲ့ ဦးဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါး နံနက်ပိုင်း မှာ ဖြစ်တတ်သလို တစ်နေ့လုံးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်၁၂ပတ်လောက်ရောက်ရင်တော့ ပျောက်သွား တတ်ပါတယ်။
ဝမ်းသွားလျှင်နာကျင်သည့်ရောဂါ (Piles)
ကိုယ်ဝန်ဆောင်ကာလမှာ ၀မ်းသွားတဲ့အခါ နာကျင်တာ၊ ၀မ်းသွားလျှင်သွေးပါတာတွေ ဖြစ်တတ် ပါ တယ်။ ၀မ်းချုပ်လျှင် ပိုဖြစ်တတ်ပါတယ်။
ဘယ်လိုကာကွယ်မလဲ (What to do ...)
- ၀မ်းမချုပ်အောင် ဂရုစိုက်ပါ။ အမျှင်ဓါတ်များများပါတဲ့အစာတွေ စားပေးပါ။
- ကြာကြာမတ်တပ်မရပ်ပါနှင့်။
- မိမိအိပ်ယာခြေရင်းပိုင်းကို မြင့်မြင့်ရှိပါစေ။
- စအိုအတွင်းပိုင်း ကျွံထွက်လာပါက လက်ဖြင့်အသာအယာ ပြန်လည်ထိုးသွင်းပါ။
အအိပ်ခက်ခြင်း (Difficulty in Sleeping)
ကိုယ်ဝန်ဆောင်များ မွေးခါနီးလေ အအိပ်ခက်တဲ့ ပြဿနာပိုဆိုးလေ ဖြစ်တတ်ပါတယ်။ သန္ဓေသား ကလည်း ညဖက်များမှာ ပိုလှုပ်ရှားတတ်ပြီး ကိုယ်တွင်းဇီဝကမ္မလုပ်ငန်းများကလည်း တစ်ခါတစ်ရံပုံမှန် မရှိတာ ကြောင့် အအိပ်ခက်တတ်ပါတယ်။ အိပ်ဆေးများ မသုံးပါနှင့်။ ညဘက်အိပ်ယာဝင်ခါနီး ရေနွေးဖြင့် ရေချိုးခြင်း၊ ထိုင်လျက် မကျတကျအနေအထားဖြင့် အိပ်စက်ခြင်း၊ ၀မ်းဗိုက်နံဘေးတွင် ခေါင်းအုံးထားပြီး တစောင်း အိပ်စက် ခြင်းတို့ကို ပြုလုပ်ကြည့်သင့်ပါတယ်။
အရေပြားနှင့် ဆံပင်များတွင် ဖြစ်လာသော အပြောင်းအလဲ များ (Skin and Hair Change)
ကိုယ်ဝန်သည် မိခင်များတွင် အရပြားအရောင်ပြောင်းလာခြင်း ၊ ဦးခေါင်းမှ ဆံပင် တိုးပွားခြင်းများ
ဖြစ်တတ်ပါသည်။ ဆံပင်များ အဆီပိုထွက်လာတတ်ပါသည်။ မီးဖွားပြီးနောက် မကြာမီ အရေပြားအရောင် နဂို အတိုင်းပြန်ဖြစ်လာပြီး ဆံပင်များ ပြန်ကျွတ်သွားတတ်ပါသည်။
ကိုယ်တွင်အစင်းရာကဲ့သို့ အမာရွတ်များ ဖြစ်လာခြင်း (Stretch Mark)
ကိုယ်ဝန်ဆောင်ကာလ အတွင်း အချို့သော ကိုယ်ဝန်သည်များသည် ပေါင်၊ ၀မ်းဗိုက်၊ ရင်သားများတွင် အနီရောင်အမှတ်များ ပေါ်လာတတ်ပါသည်။။ မီးဖွားပြီးနောက်ပိုင်း တဖြည်းဖြည်းမှေးမှိန်သွားတတ်ပါသည်။
အဖြူဆင်းခြင်း (Thrush)
မွေးလမ်းကြောင်းထိပ်ဝ တွင် မှိုကြောင့် ကူးစက်နာဖြစ်ရခြင်း ဖြစ်သည်။ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ စ သည့် ဝေဒနာများ ခံစားရတတ်ပါသည်။ ၀မ်းတွင်းမှ ကလေးငယ်၏ပါးစပ်သို့ ကူးစက်တတ်သောကြောင့် ဆရာဝန် နှင့် ပြသ၍ ကုသမှုခံယူရပါမည်။
မောပန်းနွမ်းနယ်ခြင်း (Tiredness)
ကိုယ်ဝန်အစပိုင်း ရက်သတ္တပတ်များတွင် မောပန်းနွမ်းနယ်မှုများ ခံစားရတတ်ပါသည်။ ကိုယ်ဝန် ၁၄ ပတ် လောက်မှာတော့ ပျောက်သွားတတ်ပါသည်။ ကိုယ်ဝန်သည် တစ်ဦး အနေဖြင့် မောပန်းလာပါက အနားယူပါ။