Wednesday, May 21, 2014

andorid

root explorer ဖြင့်သူများ pattern lock အားတစ်ချက်ထိယုံဖြင့်ပွင့်စေ
ခြင်း။သိသူကျော်သွား။pattern လေးကိုပိုင်ရှင်ကိုဖွင့်ခိုင်းလိုက်
root explorer လေးတင်ဖွင့်
data နှိပ် system ကိုထပ်နှိပ်
(data ထဲက system နော်)
အဲ့မှာ gesture.key ပေါ်ကိုခဏဖိထား Open in Text editor နဲ့ဖွင့် တွေ့တဲ့စာကြောင်းလေးနောက်မှာ cursor ချ back မြှားနဲ့ ဖျက်ပစ်။ဖုန်း menu လေးနှိပ်
save & exit နဲ့ထွက် ။pattern
ကိုထိချင်သလိုထိပွင့်ရော။

Sunday, May 18, 2014

မေမေကပြောတယ်

မေမေကပြောတယ်... စိတ်တိုတဲ့အချိန် ရန်မဖြစ်နဲ့။ စကားမပြောလို့ရတယ်၊ သူ့အဝတ်အစား မလျှော်ပေးလို့ရတယ်၊ ဒါပေမယ့် သူနဲ့အော်ကြီးဟစ်ကျယ် ရန်မဖြစ်နဲ့။

မေမေကပြောတယ်... ယောက်ျားနဲ့ရန်ဖြစ်ပြီး အပြင်ကိုရှောင်ထွက်မသွားနဲ့။ သင့်ဆီ သူခြေတစ်လှမ်းတိုးရင် သူ့ဆီကို သင်ခြေနှစ်လှမ်းတိုးပါ။

မေမေကပြောတယ်... အိမ်ဆိုတာ မိန်းမတစ်ယောက်ရဲ့စတည်းချရာနေရာပါ။ ဒါကြောင့် ဘာအကြောင်းပဲဖြစ်ဖြစ် အိမ်ပေါ်ကမဆင်းပါနဲ့။ အိမ်ကဆင်းရင် ပြန်လာမယ့်လမ်းခက်သွားပြီ။

မေမေကပြောတယ်.... နှစ်ယောက်သား အိမ်မှာနေကြတဲ့အခါ မျက်နှာသာရဖို့ကိုပဲ ဦးစားမပေးပါနဲ့။
နှစ်ယောက်သား ဘဝကိုဖြတ်သန်းနေချိန်မှာ မျက်နှာသာက အရေးကြီးသလား။ ဒီလိုဆိုရင် အပြင်ထွက်တဲ့အခါ ဘယ်လိုလုပ်မလဲ။

မေမေကပြောတယ်.... ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်ပဲပိုက်ဆံရှိရှိ သန့်ရှင်းတဲ့သင့်ကို သန့်သန့်ရှင်းရှင်းဖြစ်နေတဲ့နေအိမ်မှာ သူ့အပြန်ကိုစောင့်နေတာပဲ သူမျှော်လင့်ပါတယ်။

မေမေကပြောတယ်.... ယောက်ျားကောင်းတွေ အများကြီးရှိပါတယ်။ တခြားမိန်းကလေးကို သူသွားမပွေ့ဖက်တတ်ပေမယ့် ဒီလောကကြီးမှာ သင့်ယောက်ျားကိုလာပွေ့ဖက်တတ်တဲ့ မိန်းမဆိုးတွေလည်း အများကြီးရှိပါတယ်။

မေမေကပြောတယ်.... မိန်းမတစ်ယောက်က အလုပ်လုပ်ကိုလုပ်ရပါမယ်။ ဝင်ငွေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလုပ်ဆိုတာ ကိုယ့်ဘဝလူ့တန်းဖိုးဖြစ်တယ်။ အိမ်မှာပဲနေရင် ယောက်ျားက "သူ့ကို ငါကျွေးထားတယ်လေ"လို့ ပြောဖို့အခွင့်အရေးရသွားမယ်။

မေမေကပြောတယ်.... သင် အပြင်မှာအလုပ်လုပ်ရင် အိမ်က ကိစ္စဝိစ္စတွေကိုလည်း မလစ်ဟင်းစေပါနဲ့။ ဒီလိုမှ မဟုတ်ရင် ကိုယ့်ပိုက်ဆံနဲ့ အိမ်အကူတစ်ယောက်ငှားနိုင်ပါတယ်။ အိမ်မူကိစ္စကို သေချာလုပ်ရပါတယ်။ ကလေးတွေကိုလည်း ကောင်းမွန်အောင် သွန်သင်ရပါတယ်။

မေမေကပြောတယ်..... သင်မျှော်လင့်မထားတဲ့အရာကို သူလုပ်ပေးတဲ့အခါ သင်စိတ်လှုပ်ရှားနိုင်သလို သူ့ကို သင်ချီးမွမ်းနိုင်ပါတယ်။
"မလုပ်စဖူးတော်... အနောက်ဘက်ကနေ နေထွက်လာဦးမယ်"လို့ လှောင်ရယ်ခနဲတဲ့စကားကို လုံးဝမပြောပါနဲ့။ ဒီလိုဆိုရင် သင့်အတွက် နောက်တစ်ကြိမ် သူလုပ်ပေးတော့မှာ မဟုတ်ပါဘူး။

မေမေကပြောတယ်... ဘယ်သူကမှ ဘယ်သူ့ရဲ့တခြားအခြမ်းမဟုတ်ပါဘူး။ သင်တွေးတောနေတာကို သင်ထုတ်မပြောရင် သူဘယ်လိုသိနိုင်မလဲ။ ဘယ်လိုခံစားရတယ်၊ ဘာကိုမကြိုက်ဘူးဆိုတာကို သင်ထုတ်မပြောရင် သင့်စိတ်ကို ဘယ်သူမှ နားမလည်နိုင်ပါဘူး။

မေမေကပြောတယ်.... သူ့မိဘကလည်း သင့်မိဘပါပဲ။ သူ့မိဘက သင့်အပေါ်မကောင်းခဲ့ရင်တောင် သူတို့အပေါ် သင်ကောင်းရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူ့မိဘမို့လို့ပါ။

မေမေကပြောတယ်... သူနဲ့အတူ ထာဝရလက်တွဲမယ်လို့ဆုံးဖြတ်ပြီးရင် အဆင်မပြေတဲ့နေ့ရက်တွေကို ညည်းတွားမနေပါနဲ့တော့။ သူ့ကို သင်ရွေးချယ်ပြီးမှတော့ သူ့ကိုလည်း သွားအပြစ်မတင်ပါနဲ့တော့၊ ချွတ်ယွင်းအားနည်းချက်ကို သွားမထိုးဆွပါနဲ့တော့။

မေမေကပြောတယ်... ပိုက်ဆံအများကြီးရှိနေလည်း အသုံးမဝင်ပါဘူး။ ပိုက်ဆံအများကြီးရှာပေးပြီး လူက ကိုယ့်အနားမရှိနေရင်လည်း အလကားပါ။

မေမေကပြောတယ်... ဘဝတစ်သက်အတွက် သင် ပိုက်ဆံဘယ်လောက်ဖြုန်းနိုင်မလဲ။ နာမည်ကြီးတံဆိပ်တွေ မဝယ်နိုင်၊ မဝတ်နိုင်လို့ဆိုပြီး အားမငယ်ပါနဲ့။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေဖို့က အဓိကပါ။ နာမည်ကြီးတံဆိပ်တွေ ဝတ်ပြီး မပျော်ရွှင်သူတွေ အများကြီးပါ။

မေမေကပြောတယ်... ကလေးကို "သား(သမီး)ကို မေမေမယူတော့ဘူး၊ မချစ်တော့ဘူး"လို့ မခြိမ်းခြောက်ပါနဲ့။ စိတ်တိုဒေါသဖြစ်တဲ့အချိန် ကလေးကို တံခါးအပြင်ဖက် ထုတ်မထားပါနဲ့။ တကယ်လို့ သူတကယ်ပျောက်သွားရင် သင်ပဲနာကျင်ဝမ်းနည်းလိမ့်မယ်။

မေမေကပြောတယ်... ကလေးကို မရိုက်ပါနဲ့... အထူးသဖြင့် လူရှေ့သူရှေ့မှာ မရိုက်ပါနဲ့၊ မဆူပါနဲ့။

မေမေကပြောတယ်.... ရန်ဖြစ်ငြင်းခုံတဲ့နေ့ရက်တွေက အချစ်ကို ပိုတက်ကြွစေတယ်၊ ပိုရိုမန်တစ်ဆန်စေတယ်ဆိုပေမယ့် လက်တွေ့မကျပါဘူး.. ရိုးရိုးရှင်းရှင်းက အကောင်းဆုံးပါ။

မေမေကပြောတယ်... ဖူးစာပါလို့ ပေါင်းဖက်ကြရပြီ။ ဘဝဆိုတာ မမြဲခြင်းတရားပါ။ ဒါကြောင့် နေ့ရက်တစ်ရက်တိုင်းကို တန်ဖိုးထားပါ။ ကိုယ့်မိသားစုကို တန်ဖိုးထားပါ။

**** သူ့မေမေလည်း သူ့ကို ဒါတွေ ပြောပြနိုင်ပါစေ...

မက်ဆေ့တိုလေးတွေ

(၁) အချစ်က မျက်ရည်တွေကို သယ်လာတတ်တယ်၊ အခုလေးပဲ နင့်ကိုငါချစ်လိုက်ပါတယ်။

(၂) ခန္ဓာကိုယ်အပူရှိန် ကျဆင်းနေပါတယ်၊ အတူအနွေးဓာတ်ယူရအောင် အမြန်လာပါ။

(၃) လက်ကိုင်ဖုန်းဆွံ့အသွားတဲ့အခါ အထီးကျန်ခြင်းက ငါ့အနားရောက်လာတယ်။

(၄) နင့်နှလုံးသားထဲ ငါဆိုက်ရောက်ခဲ့ပြီဆိုမှတော့ ငါထပ်မထွက်ခွာတော့ပါဘူး။

(၅) နင့်နဲ့တွေ့ဆုံပြီးတဲ့နောက် ငါ့ကဗျာတွေ ရှင်သန်နိုးထခဲ့ပြီ။

(၆) အောက်ဆီဂျင်လိုနေပါတယ်.... အမြန်လာပြီး CPR လုပ်ပေးပါ။ (CPR နှုတ်ခမ်းချင်းတေ့ပြီး အသက်ကူရှု)

(၇) ငါ့နှလုံးသားတစ်ခုလုံး ပြည့်ကျပ်နေပါတယ်။ အကြောင်းက ငါ့နှလုံးသားဧရိယာတစ်ခုလုံးကို နင်ပိုင်စိုးထားလို့ပါ။

(၈) ယခုရရှိထားသောမက်ဆေ့တိုဖြင့် မိနစ်၃ဝအတွင်း မက်ဆေ့ပေးပို့သူထံတွင် အနမ်းတစ်ခု လာရောက်လဲလှယ်ယူနိုင်ပါသည်။ အချိန်အကန့်အသတ်ရှိပါသဖြင့် အမြန်လာရောက် လဲလှယ်ပါရန်။

(၉) ညဥ့်နက်နက်လာပြီ၊ ကြယ်လေးတွေ အိပ်သွားပြီ၊ လလေးလည်း အိပ်သွားပြီ၊ လမ်းဘေးကမီးတွေတောင် အိပ်သွားခဲ့ပြီ၊ နင့်ကို လွမ်းနေတဲ့ငါပဲ မအိပ်သေးဘူး။

(၁ဝ) ငါ့နှလုံးသားမှာနေဖို့ အခန်းငှားခပေးစရာမလိုပါဘူး... ဒါ တန်ပါတယ်နော်။

(၁၁) အချစ်လာတဲ့အချိန် လျှပ်စီးတွေလက် မိုးကြိုးတွေပစ်သွားခဲ့တယ်။ ငါ အပစ်ခံထိသွားပါတယ်။

(၁၂) နင်ဟာ နှစ်ချို့ ဝိုင်တစ်ခွက်ပါ၊ ငါ အရက်မသောက်တတ်ပေမယ့် မူးအောင်သောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

(၁၃) ဖုန်းဖန်သားပြင်ပေါ် ကျသွားတဲ့မျက်ရည်ကို နင်လက်ခံရရှိပြီလား။

(၁၄) အချစ်ရောက်လာချိန် အချစ်ကိုနင်ဖြတ်ပစ်လိုက်တယ်။ အခု ငါ့ဘယ်ဘက်ရင်ဘတ်ကနှလုံးခုန်သံလေး ရပ်တန့်သွားတော့မယ်။

(၁၅) မြားနတ်မောင်ရဲ့ မြားကို ငါချိုးပစ်ပြီး သေသေချာချာဖွက်ထားလိုက်ပါပြီ။ ဒါမှ ငါတို့ကြားထဲ နောက်လူတစ်ယောက် ဝင်မလာနိုင်မှာ။

(၁၆) ငါတို့ရဲ့အချစ်က ပခုံးချင်းရှပ်တိုက်ပြီး လမ်းလွှဲလျှောက်သွားခဲ့ပါတယ်။ နင် နောက်ပြန်လှည့်လာနိုင်မလား။

(၁၇) မက်ဆေ့တိုလေးနဲ့ ချစ်စရာမက်ဆေ့ ၉၉၉၉ ကြောင်းရေးပြီး နင့်ကို ငါပေးမယ်။ တစ်နေ့ကို တစ်ကြောင်းပဲရေးမယ်။
၉၉၉၉ဆိုတော့ ငါတို့ ဆံဖြူသွားကျိုးတဲ့အထိပေါ့။

အချစ် ဝေဖန်ရေးဆရာ

လက်ထပ်ပြီးသုံးနှစ်မြောက်မှာ သူမအကြည့် သူမဆုံးဖြတ်ချက်ကို သူမ စသံသယဝင်လာမိတယ်။ ဘာဖြစ်လို့ အစတည်းက ဒီလိုယောက်ျားမျိုးကိုမှ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့မိသလဲ၊ ထက်မြက်တဲ့၊ တော်တဲ့ယောက်ျားတွေ ဒီလောက်အများကြီးထဲမှာ ဘာဖြစ်လို့ ဆိုးကွက်တွေဗလပွနဲ့ ဒီလိုယောက်ျားကိုမှ သူမရွေးချယ်ခဲ့ရသလဲ။

သူ မှတ်ဉာဏ်မကောင်းဘူး။ သူ့ကို မှာလိုက်တဲ့ကိစ္စတိုင်း မျက်စိတမှိတ်အတွင်းမှာ သူမေ့သွားတတ်တယ်။

သူ သန့်ရှင်းမှုကို ဦးစားမပေးဘူး။ သူမသာ တဗျစ်တောက်တောက်မရွတ်ရင် သူဟာ ဘယ်တော့မှ ကိုယ်တိုင် အဝတ်အစားလဲသူ မဟုတ်ဘူး။

ချစ်စရာစကားတွေကို တီတီတာတာ သူ မဆိုတတ်ဘူး။ သူဟာ ဘယ်တော့မှ သူမ မျက်နှာနီမြန်းသွားစေတဲ့၊ ရင်ခုန်သွားစေတဲ့စကားကို မပြောခဲ့ဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို သူမ အကြိမ်ကြိမ် အပြစ်တင်၊ ဝေဖန်ခဲ့ပေမယ့် သူ မပြောင်းလဲခဲ့ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ကြားမှာ တင်းမာမှုတွေ ပိုပိုလာခဲ့ပါတယ်။

ချစ်သူရည်းစားဖြစ်ချိန်က ချွဲနွဲ့ခဲ့တဲ့ စကားတွေ၊ ကြည်နူးခဲ့တဲ့ အပြုအမူတွေက အခုချိန်မှာ ရေခဲပြင်လိုအေးစက်နေခဲ့တယ်။ သူမ ခံစားရခက်လာတယ်။ ဒီလိုနဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆီ ယောက်ျားဖြစ်သူရဲ့ "အပြစ်"တွေကို သူမ ရင်ဖွင့်ခဲ့မိတယ်။ သူရဲ့အပြစ်တွေ၊ ဆိုးကွက်တွေတိုင်းက သူမကို မခံမရပ်ဖြစ်စေခဲ့ပါတယ်။

သူမ ပြောသမျှကို သူငယ်ချင်းက စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး သူမကို မေးတယ်။

"နင်က အချစ် ဝေဖန်ရေးဆရာလား၊ သူ့အပေါ်ဝေဖန်ဖို့ကိုပဲ နင်ရှာနေတော့မှာလား၊ နင့်စိတ်ချမ်းသာစေတဲ့အရာ သူ့အပေါ်မှာ ရှာမတွေ့နိုင်တော့ဘူးလား"

"ရှာမတွေ့လို့ပဲ ပြောတာပေါ့။ သူ့ဆိုးကွက်တွေပြောမှ သူ့ကို ပြုပြင်နိုင်မယ်လေ။ ကောင်းကွက်တွေ ဘာလို့ပြောနေရမလဲ"

"နင် မှားပြီ။ သူ့ကောင်းကွက်တွေကို မကြာခဏ ပြောရတယ်။ ငါတို့ဟာ နေ့ရက်တွေကို ဖြတ်ကျော်နေကြတဲ့ သာမန်ဇနီးမောင်နှံတွေဖြစ်လို့ပဲ။ ငါတို့က ရေခဲသေတ္တာလို အေးစက်တဲ့ အချစ်ဝေဖန်ရေးဆရာတွေ မဟုတ်ဘူး" သူငယ်ချင်းက ပြုံးပြုံးလေးနဲ့ပြောတယ်။

"ရေခဲသေတ္တာလိုအေးစက်တဲ့ အချစ်ဝေဖန်ရေးဆရာ" တဲ့။ ဟုတ်ပါတယ်.. အိမ်မှာ သူမဟာ ဒီလိုဇာတ်ကောင်နဲ့ပဲ အမြဲသရုပ်ဆောင်ခဲ့တာပဲ မဟုတ်လား။

ချစ်သူရည်းစားဖြစ်တုန်းက ချိုမြိန်ကြည်နူးခဲ့ကြတဲ့အချစ်တွေ ခုတော့ တဖြေးဖြေး ပျောက်ဆုံးခဲ့ကုန်ပြီ။ ဘဝရဲ့မီးခိုးမီးငွေ့တွေက သူမရဲ့အကြင်နာခေါင်းတိုင်ကို တဖြေးဖြေး ဖုံးလွှမ်းဝါးမျိုသွားခဲ့ပြီ။ ပေါ့ပေါ့တန်တန်နေ့ရက်တွေက သူမရဲ့ စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်စိတ်ကို ပျောက်ဆုံးစေခဲ့ပြီ။ အသံအနေအထား၊ မျက်နှာအနေအထားနဲ့ ကလေးတစ်ယောက်ကို သွန်သင်ဆုံးမသလိုမျိုး အစတည်းက ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ယောက်ျားတစ်ယောက်ကို သူမ ပြစ်တင်မောင်းမဲနေခဲ့ပြီ။

သူငယ်ချင်းနဲ့လမ်းခွဲ အိမ်ပြန်လာပြီးနောက် သူ့အပေါ်ကြည့်တဲ့အမြင်ကို သူမ ပြောင်းလိုက်ပါတယ်။ ဝေဖန်တဲ့မျက်လုံးနဲ့ သူမ မကြည့်တော့ပါဘူး။ အေးစက်စက် ဝေဖန်ရေးသမားတစ်ယောက် မဖြစ်အောင် သူမနေပါတယ်။ အဲဒီနောက်ယောက်ျားနဲ့သူမရဲ့ကြား ပြောင်းလဲမှုက သိသာလာခဲ့ပါတယ်။ အနည်းဆုံးတော့ မကျေနပ်တာတွေပဲ သူမ ရင်ထဲ အပြည့် ထည့်မထားမိခဲ့တော့ပါဘူး။

သူ မှတ်ဉာတ်မကောင်းဘူး။ ဒါပေမယ့် သူမနဲ့ ပတ်သက်သမျှကိုတော့ သူ မှတ်မိနေတယ်။ သူမ ကြိုက်တဲ့ မဂ္ဂဇင်းကို သူမှတ်မိတယ်။ အလုပ်ဆင်း အိမ်ပြန်တဲ့အခါ သူမအတွက် နောက်ဆုံးထွက်တဲ့မဂ္ဂဇင်းကို သူ ဝယ်လာတတ်တယ်။

လတိုင်း သူမ နေထိုင်မကောင်းတဲ့ရက်တွေကို သူမှတ်မိနေပြီး သူမအတွက် ဆေးဝါးတွေကို သူပြင်ဆင်ပေးတတ်တယ်။

သူ သန့်ရှင်းမှုကို ဦးစားမပေးဘူး။ ဒါပေမယ့် သန့်ရှင်းတာကို သူမ ကြိုက်တယ်ဆိုတာ သူသိတယ်။ ရုံးပိတ်ရက်တွေမှာ အိမ်သန့်ရှင်းရေးကို သူလုပ်တတ်တယ်။ တန်ဖိုးရှိတဲ့သူ့အချိန်တွေနဲ့ ဝိုင်းကူလုပ်ပေးသည့်တိုင် သူ မညည်းတွားခဲ့ဘူး။

ချစ်စရာစကားတွေ တီတီတာတာ သူမဆိုတတ်ဘူး။ ဒါပေမယ့် သူမအကြိုက်ကို သူဂရုစိုက်တတ်တယ်။ သူမ ကြိုက်တဲ့ဟင်းတွေ သူသင်ယူပြီး အားလပ်ချိန်မှာ သူမကို သူချက်ကျွေးတတ်တယ်။

အချစ်ရဲ့ဝေဖန်ရေးဆရာ မလုပ်တော့တဲ့နောက်ပိုင်းမှာ သူမရဲ့ပျော်ရွှင်၊ စိတ်ချမ်းသာမှုက အဆင့်တဆင့်တိုးသွားပါတယ်။ သူ့အပြုအမူ၊ ဂရုစိုက်မှုတွေက ဟိုးအရင်တည်းက ရှိပြီးသားဆိုပေမယ့် ဆိုးကွက်ကိုသာပိုမြင်ခဲ့တဲ့ သူမ ဒါတွေကို သတိမထားခဲ့မိဘူး၊ မမြင်ခဲ့မိဘူး။ အခုတော့ သူ့ကောင်းကွက်ကိုသာ သူမ ရွေးချယ်ကြည့်တတ်ခဲ့လို့ သူမရဲ့ စိတ်တွေလည်း ပိုလန်းဆန်းလာခဲ့ပါတယ်။ ပိုပျော်ရွှင်လာခဲ့တယ်။ အချစ်လည်း ပိုနွေးထွေး၊ ပိုချိုမြိန်လာခဲ့ပါတယ်။

"အချစ်ဝေဖန်ရေးဆရာ မလုပ်ဘူး" ဒါဟာ ဘဝတစ်သက်တာရဲ့ ပျော်ရွှင်ခြင်းကို သက်ရောက်စေသလို ကျွန်မတို့တစ်သက် သင်ယူလေ့လာဖို့လိုအပ်တဲ့ ဘဝသင်ခန်းစာတစ်ပုဒ်လည်းဖြစ်ပါတယ်။ အိမ်ထောင်ရေးကို သဟဇတဖြစ်စေတဲ့ အစွမ်းလည်းဖြစ်ပါတယ်။ ကျွန်မတို့ တစ်သက်လုံး လေ့လာလိုက်စားထိုက်ပါတယ်။

လူ့ဘဝမှာ မစောင့်သင့်တဲ့အရာ ၈ခု

(၁) ဆင်းရဲနွမ်းပါးသွားမယ့်အချိန်ထိ မစောင့်ပါနဲ့....
အချိန်ကြာလာတာနဲ့အမျှ ဆင်းရဲနွမ်းပါးရတာအကျင့်ဖြစ်သွားတတ်လို့ပါ။

(၂) စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်ကိုမစောင့်ပါနဲ့....
ကြိုးစားအားထုတ်မှုနောက်ကျသွားတဲ့အခါ အသက်ကြီးလာတာနဲ့အမျှ စိတ်ကူးအိပ်မက်တွေ အရောင်လွှင့်သွားတတ်လို့ပါ။

(၃) သင်ယူလေ့လာဖို့ အချိန်ကိုမစောင့်ပါနဲ့....
သင်ယူတာနည်းလေ စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အရည်အချင်းနည်းလေဖြစ်တတ်လို့ပါ။

(၄) ကျန်းမာရေးအတွက် အချိန်ကိုမစောင့်ပါနဲ့...
ခန္ဓာကိုယ်ယိုင်လဲရင် လူ့ဘဝအရာအားလုံး ပြိုပျက်သွားတတ်လို့ပါ။

(၅) ပညာသင်ကြားရေးအတွက် အချိန်ကိုမစောင့်ပါနဲ့....
အညှောင့်စောင်းရင် ကြီးပြင်းလာတဲ့အပင်ကို တည့်မတ်ရခက်တတ်လို့ပါ။

(၆) ပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့....
သင်ကြီးပြင်းလာတာနဲ့အမျှ မိဘတွေအိုမင်းသွားလို့ပါ.. နောက်မှပြုစုစောင့်ရှောက်မယ်ဆိုတဲ့ အခွင့်အရေးမရှိတတ်လို့ပါ။

(၇) လူကိုခင်မင်ဖို့ အချိန်ကိုမစောင့်ပါနဲ့....
ခင်မင်ရင်းနှီးမှုမရှိတော့တဲ့အခါ အဖော်မဲ့အထီးကျန်ခြင်းက အလိုလိုဝင်ရောက်လာတတ်လို့ပါ။

(၈) (ခန္ဓာကိုယ်၊ အသားအရေ၊ ကျန်းမာရေး)ပြုပြင်ထိန်းသိမ်းဖို့ အချိန်ကိုမစောင့်ပါနဲ့....
နုငယ်ပျိုမျစ်ခြင်းတွေ ကုန်ဆုံးသွားတဲ့အခါ ငွေကြေးဘယ်လောက်ပေးလည်း ပြန်ဝယ်ယူလို့မရနိုင်တော့လို့ပါ

လူ့ဘဝမှာ မစောင့်သင့်တဲ့အရာ ၈ခု

(၁) ဆင်းရဲနွမ်းပါးသွားမယ့်အချိန်ထိ မစောင့်ပါနဲ့....
အချိန်ကြာလာတာနဲ့အမျှ ဆင်းရဲနွမ်းပါးရတာအကျင့်ဖြစ်သွားတတ်လို့ပါ။

(၂) စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်ကိုမစောင့်ပါနဲ့....
ကြိုးစားအားထုတ်မှုနောက်ကျသွားတဲ့အခါ အသက်ကြီးလာတာနဲ့အမျှ စိတ်ကူးအိပ်မက်တွေ အရောင်လွှင့်သွားတတ်လို့ပါ။

(၃) သင်ယူလေ့လာဖို့ အချိန်ကိုမစောင့်ပါနဲ့....
သင်ယူတာနည်းလေ စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အရည်အချင်းနည်းလေဖြစ်တတ်လို့ပါ။

(၄) ကျန်းမာရေးအတွက် အချိန်ကိုမစောင့်ပါနဲ့...
ခန္ဓာကိုယ်ယိုင်လဲရင် လူ့ဘဝအရာအားလုံး ပြိုပျက်သွားတတ်လို့ပါ။

(၅) ပညာသင်ကြားရေးအတွက် အချိန်ကိုမစောင့်ပါနဲ့....
အညှောင့်စောင်းရင် ကြီးပြင်းလာတဲ့အပင်ကို တည့်မတ်ရခက်တတ်လို့ပါ။

(၆) ပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့....
သင်ကြီးပြင်းလာတာနဲ့အမျှ မိဘတွေအိုမင်းသွားလို့ပါ.. နောက်မှပြုစုစောင့်ရှောက်မယ်ဆိုတဲ့ အခွင့်အရေးမရှိတတ်လို့ပါ။

(၇) လူကိုခင်မင်ဖို့ အချိန်ကိုမစောင့်ပါနဲ့....
ခင်မင်ရင်းနှီးမှုမရှိတော့တဲ့အခါ အဖော်မဲ့အထီးကျန်ခြင်းက အလိုလိုဝင်ရောက်လာတတ်လို့ပါ။

(၈) (ခန္ဓာကိုယ်၊ အသားအရေ၊ ကျန်းမာရေး)ပြုပြင်ထိန်းသိမ်းဖို့ အချိန်ကိုမစောင့်ပါနဲ့....
နုငယ်ပျိုမျစ်ခြင်းတွေ ကုန်ဆုံးသွားတဲ့အခါ ငွေကြေးဘယ်လောက်ပေးလည်း ပြန်ဝယ်ယူလို့မရနိုင်တော့လို့ပါ။

တစ်မူထူးတဲ့ အမေရိကန်သမ္မတကတော် __________________________ ဇနီးကောင်း၊ မိခင်ကောင်း

၁၉၆၄ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့ အမေရိကန်ချီကာဂိုမြို့တောင်ပိုင်းက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီရှဲလ်ကို မွေးဖွားခဲ့ပါတယ်။ သူတို့အိမ်မှာ အိပ်ခန်းတစ်ခန်းပဲရှိခဲ့ပါတယ်--- တကယ်တမ်းမှာ ဧည့်ခန်းကိုတစ်ဝက်ခြမ်းပြီး ကာထားတာပါ။ မီရှဲလ်နဲ့သူ့အစ်ကိုက ထပ်ခိုးမှာအိပ်ပါတယ်။ မီရှဲလ်ရဲ့ဖခင်က မကြာခဏဖြစ်ပွားတဲ့အကြောမာရောဂါကို ခံစားနေရသူဖြစ်ပြီး ၁၉၉ဝခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်က ဖခင်ခေါင်းချသွားတဲ့ အဲဒီအိမ်အိုမှာပဲ နှစ်တော်တော်ကြာ နေထိုင်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးခြင်းက မီရှဲလ်ကိုရုန်းကန်လှုပ်ရှားလိုတဲ့စိတ်ဓာတ် မွေးမြူပေးခဲ့ပါတယ်။ မီရှဲလ်ဟာ ငယ်ငယ်လေးကတည်းက အတန်းပညာမှာ ထူးချွန်ထက်မြက်သူဖြစ်ခဲ့တယ်။ ၁၉၈၁ခုနှစ်မှာ Princeton တက္ကသိုလ်ကို မီရှဲလ်တက်ရောက်ခွင့်ရပြီး Sociologyကို အထူးပြုဘာသာရပ်အဖြစ်၊ အာဖရိကဖွား အမေရိကန်နိုင်ငံသားသမိုင်း (African-American History) ကို တွဲဖက်ဘာသာရပ်အဖြစ် သူသင်ယူလေ့လာခဲ့ပါတယ်။ ၄နှစ်တာကာလပြီးဆုံးသွားတဲ့အခါ မီရှဲလ်ဟာ ထူးကဲတဲ့အမှတ်နဲ့ ကျောင်းပြီးသွားခဲ့ပြီး ဟားဗတ်ဥပဒေတက္ကသိုလ်ကို ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာ ဟားဗတ်ဥပဒေတက္ကသိုလ်ကနေ Ph.Dဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၉၈၉ခုနှစ်မှာ Barack Obamaလို့ခေါ်တဲ့ ဟားဗတ်ဥပေဒေကျောင်းသားလူရွယ်တစ်ဦးဟာ မီရှဲလ်ရှိနေတဲ့ ရှေ့နေရုံးမှာ နွေကျောင်းပိတ်ရက်လေ့လာသင်ယူသူအဖြစ်နဲ့ လာရောက်ခဲ့ပါတယ်။ သူ့ကို မီရှဲလ်ကတာဝန်ယူ ကြီးကြပ်သင်ကြားပေးရပါတယ်။ အဲဒီရှေ့နေရုံးမှာ သူတို့နှစ်ယောက်ပဲလူမည်းဖြစ်တာကြောင့် အလုပ်ထဲမှာ သူတို့ဟာစရိုက်တူ၊ အကြိုက်တူတွေဖြစ်ခဲ့ကြတယ်။ အိုးဘားမားက အလုပ်မှာ အရမ်းထူးချွန်ထက်မြက်သူမဟုတ်ခဲ့ပေမယ့် တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်တွေကို အံ့သြမှုတစ်ခု သူပေးခဲ့ပါတယ်။ အဲဒီအံ့သြမှုက မီရှဲလ်ကို သူချစ်ခွင့်ပန်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

နှစ်အတော်ကြာပြီးတဲ့နောက်မှာ အိုးဘားမားက သူရဲ့အမှတ်တရကိုယ်တွေ့မှတ်တမ်းထဲမှာ သူရဲ့ချစ်ခြင်းအကြောင်းကို ဒီလိုရိုးရိုးရှင်းရှင်းဖွင့်ဆိုခဲ့ပါတယ်။ “နောက်ဆုံးမှာ သူ့ကို ကျွန်တော်အလဲဖြိုနိုင်ခဲ့ပါတယ်”။ ၁၉၉၂ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှာ သူတို့မင်္ဂလာဆောင်ခဲ့ကြပါတယ်။

အမေရိကန် Newsweek သတင်းစာရဲ့ ထုတ်ပြန်ချက်အရ မီရှဲလ်ဟာ မင်္ဂလာဆောင်ပြီးလည်း ညတိုင်း ၉နာရီခွဲမှာ ပုံမှန်အိပ်ရာဝင်ပြီး မနက် ၄နာရီခွဲမှာအိပ်ရာထတယ်လို့ ဆိုပါတယ်။ ပြေးစက်ပေါ်မှာ ခဏလောက်ပြေးပြီး ခြင်းထဲပစ်ထည့်ထားတဲ့ လင်ယောက်ျားရဲ့ဝတ်ပြီးသားအဝတ်တွေကို သိမ်းဆည်းတယ်၊ သန့်ရှင်းရေးလုပ်တယ်၊ အဲဒီနောက် မနက်စာပြင်ဆင်ပြီး သမီးကို အချိန်ကိုက်အိပ်ရာနှိုးတယ်။ အိုးဘားမားက အမြဲတမ်း ဇနီးဖြစ်သူကို ချီးမွမ်းထောပနာပြုပါတယ်။ မီရှဲလ်ဟာ အရာရာကို လိုလေသေးမရှိအောင် ပြင်ဆင်နိုင်တယ်လို့ အိုးဘားမားကဆိုပါတယ်။ “သူဟာ အိမ်ထောင့်တာဝန်ကို ကျွမ်းကျွမ်းကျင်ကျင်ထိန်းသိမ်းနိုင်သူပါ။ သူ့အဆင့်ကို ကျွန်တော်ဘယ်တော့မှ မီနိုင်မှာ မဟုတ်ပါဘူး”လို့ အိုဘားမားကဆိုခဲ့ပါတယ်။

အိုဘားမား အိမ်ဖြူတော်ရောက်ပြီးနောက် မီရှဲလ်ကို အမေရိကန်လူမျိုးတွေနှစ်သက်စေခဲ့တဲ့ လုပ်ရပ်တစ်ခုက သူဟာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်နိုင်ခဲ့လို့ဖြစ်တယ်။ လူအများက ဒါဟာ သူရဲ့တကယ့်စစ်မှန်တဲ့ သရုပ်ဆောင်ချက်မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ မီရှဲလ်ရဲ့ဟောပြောမှုတွေကလည်း လင်ယောက်ျားဖြစ်သူလောက် မညံ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဟောပြောတိုင်း သူဟာ သူ့သမီးအကြောင်းနဲ့ သာမန်မိန်းကလေးတွေရဲ့အတွေ့အကြုံကိုပဲ ပြောခဲ့ပါတယ်။ လင်ယောက်ျားနဲ့ မိသားစုအကြောင်းကိုလည်း ထပ်တလဲလဲပြောဆိုတတ်ခဲ့ပါတယ်။ သူ့ကိုယ်သူမိတ်ဆက်ပေးပါလို့ မီရှဲလ်ကို လူတွေတောင်းဆိုတဲ့အခါ သူက များသောအားဖြင့် “ပထမဆုံး ပြောချင်တဲ့အရေးပါတဲ့ စကားတစ်ခွန်းက ကျွန်မဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပါတယ်”ဆိုတာပဲဖြစ်တယ်။

သမီးနှစ်ယောက်အပေါ် မီရှဲလ်စည်းကမ်းတင်းကြပ်လွန်းခဲ့ပါတယ်။ “အပြင်ကို ပျော်ပွဲစားထွက်၊ ခရီးထွက်တဲ့အခါ ကျောင်းက အိမ်စာလုပ်ပါလို့ မတောင်းဆိုပေမယ့် သူတို့တွေ့ခဲ့တာ ကြားခဲ့တာတွေကို ရေးမှတ်ရပါတယ်”၊ “စနေ၊ တနင်္ဂနွေနေ့မဟုတ်ရင် ရုပ်ရှင်တီဗီမကြည့်ရပါဘူး”၊ “ကွန်ပျူတာဆိုတာ အိမ်စာလုပ်ဖို့အတွက်ပါ”…. စတာတွေဖြစ်တယ်။ အမေရိကန်နိုင်ငံရေးသမား တော်တော်များများက သူတို့ကလေးကို မီရှဲလ်လက်ထဲအပ်ချင်ပါတယ်လို့ ရယ်စရာအဖြစ် ပြောခဲ့ကြပါတယ်။

၂ဝ၁၂ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်ဟောပြောရတော့ အိုဘားမားဟာ ဟောပြောစင်မြင့်ထက်တက်ပြီး တီဗီကြည့်ပရိသတ်ထောင်ပေါင်းများစွာကို “ဒီကနေ့ညမှာ ကျွန်တော်ပြောစရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်က လွန်ခဲ့တဲ့အနှစ်၂ဝမှာ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးယောက်ျားဖြစ်ခဲ့ပါတယ်။ အကြောင်းက ကျွန်တော်နဲ့လက်ထပ်ဖို့ မီရှဲလ်သဘောတူခဲ့လို့ပါ” လို့ပြောခဲ့ပါတယ်။

မီရှဲလ်ကလည်း ပရိသတ်သန်းပေါင်းများစွာရှိတဲ့ သူ့ Twitterမှာ “နှစ် ၂ဝမြောက် လက်ထပ်မင်္ဂလာရက်မြတ်ပါ.. Barack ။ နေ့စဉ်နေ့တိုင်း အဖော်ကောင်း၊ သူငယ်ချင်းကောင်း၊ ဖခင်ကောင်းတစ်ဦးအဖြစ် ရှင်လုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ I love you” ဆိုပြီး ရေးသားခဲ့ပါတယ်။

တစ်မူထူးတဲ့ အမေရိကန်သမ္မတကတော်

ခေတ်ဆန်တဲ့ဝတ်စားဆင်ယင်မှု

အိုဘားမား အိမ်ဖြူတော်ရောက်ပြီးနောက် မီရှဲလ်ဟာ အမေရိကန်သမ္မတကတော်ရဲ့ အချက်၂ချက်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
(၁) သူဟာ ပထမဆုံးသော အာဖရိကလူမျိုး သမ္မတကတော်ဖြစ်တယ်။
(၂) သူဟာ အရပ်အမြင့်ဆုံး သမ္မတကတော်ဖြစ်တယ်။ သူ့အရပ်က ၅ပေ ၁၁လက်မရှိပါတယ်။

၂ဝဝ၈ခုနှစ် ရွေးကောက်ပွဲညမှာ မီရှဲလ်ဟာ နာမည်ကြီးဒီဇိုင်းနာ ချုပ်လုပ်ထားတဲ့ အနီအနက်ဝတ်စုံကိုဝတ်ဆင်ပြီး စင်မြင့်ထက်ကဆင်းတော့ စင်အောက်ကလူတွေကို အံ့သြမှင်တက်စေခဲ့ပါတယ်။ အဲဒီကစ မီရှဲလ်ဟာ “ဘယ်လိုဝတ်စုံကမှ သမ္မတကတော်အတွက် သင့်တော်တဲ့ဝတ်စုံ”ဆိုတဲ့အဓိပ္ပာယ်ကို အသစ်တစ်ဖန်သတ်မှတ်နိုင်ခဲ့ပါတယ်။ သူဟာ တောက်တဲ့၊ လင်းတဲ့အရောင်ကို ပိုနှစ်သက်ပါတယ်။ အဝတ်အစားဒီဇိုင်းမှာတော့ ပုံမှန်ဒီဇိုင်းမရှိဘဲ သူရဲ့ထူးခြားတဲ့အသွင်အပြင်ကို ပိုပေါ်လွှင်အောင် ဝတ်ဆင်ပါတယ်။ တစ်ခါက အိုဘားမားနဲ့အတူ ပွဲတက်တော့ သူဟာ လက်ပြတ်ဂါဝန်ရှည်ကိုဝတ်ဆင်ခဲ့သလို ရိုးရာဆန်တယ်၊ တည်ကြည်လေးနက်တယ်လို့ နာမည်ရတဲ့ အင်္ဂလန်ဘုရင်မနဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း ရှေ့ခွဲဆွယ်တာအနက်ကို ဝတ်ဆင်ခဲ့ပါတယ်။

အများနဲ့မတူ တစ်မူထူးတဲ့မီရှဲလ်ရဲ့ ဝတ်စားဆင်ယင်ပုံက အမေရိကန်လူမျိုးတို့ရဲ့ ဖက်ရှင်လေညွှန်တံဖြစ်ခဲ့ပါတယ်။ ၂ဝဝ၉ခုနှစ် အိုဘားမား ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားမှာ မီရှဲလ်ဟာ အဖြူရောင်ပိုးထည်ဂါဝန်ရှည်ကို ဝတ်ဆင်ခဲ့ပါတယ်။ ညာပခုံးဘက်မှာပဲ အဝတ်စတင်ထားတဲ့ဝတ်စုံနဲ့ မီရှဲလ်ဟာ ပရိသတ်အများကို ညှို့ငင်ဖမ်းစားနိုင်ခဲ့ပါတယ်။ အိုဘားမားက ပရိသတ်အများရဲ့ရှေ့မှာ “ပထမဆုံးအချက်က ကျွန်တော့်ဇနီး ချောလား”လို့ မေးခဲ့ပါတယ်။

၂ဝ၁၂ခုနှစ် စက်တင်ဘာလမှာ မီရှဲလ်ဟာ တစ်နိုင်ငံလုံးဆိုင်ရာ ဒီမိုခရက်တစ် အစည်းအဝေးကိုတက်ရောက်တော့ ပန်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ခဲ့ပြီး ကျော့ရှင်းကြံ့ခိုင်တဲ့ လက်မောင်းသားအလှကို ဖော်ခဲ့ပါတယ်။ လက်သည်းကိုတော့ အတွေ့ရနည်းတဲ့ ခဲခရမ်းရောင်ဆိုးထားပါတယ်။ အဲဒီတစ်ညအပြီးမှာ သူ့ပုံစံတူဂါဝန်နဲ့ လက်သည်းဆိုးဆေး ပစ္စည်းပြတ်သွားတယ်လို့ သိရပါတယ်။

“People” မဂ္ဂဇင်းက မီရှဲလ်ကို “မီရှဲလ်ဟာ ရွေးကောက်ပွဲတစ်လျှောက်လုံးမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ ထုတ်လွှတ်ခဲ့ပါတယ်။ လူအများကို အံ့အားသင့်မှုတွေ ပေးနိုင်ခဲ့ပါတယ်။ သူရဲ့ရည်မွန်ကျော့ရှင်းတဲ့အပြင်အဆင်ကြောင့် ယခင်နာမည်ကြီးသမ္မတကတော်ကို လူတွေ သတိရစေခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပြောဟာ မီရှဲလ်ရဲ့သပ်ရပ်ရည်မွန်တဲ့ပြင်ဆင်မှုက ယခင်သမ္မတကတော် Jacqueline Kennedy နဲ့ခပ်ဆင်တင်တူတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အစားအစာနဲ့ ပျော်ရွှင်ပွဲတွေမှာလည်း မီရှဲလ်ရဲ့ပင်ကိုစရိုက်က ကွဲပြားခြားနားပါတယ်။ “ဒေသခံ နယ်ခံအစားအစာတွေကို သူအရမ်းစိတ်ဝင်စားတယ်”လို့ သမ္မတမိသားစုရဲ့အစားအစာနဲ့ အာဟာရကို အထူးမှတ်တမ်းတင်တဲ့အဖွဲ့ရဲ့ အွန်လိုင်းစီမံခန့်ခွဲမှူး Cohenက အခုလိုပြောကြားခဲ့ပါတယ်။ “ဒီရာသီမှာ စားသောက်ဆိုင်က ဘာအစားအစာကို အဓိကထားတယ်ဆိုရင် သူကအဲဒီအစားအစာကိုစားတော့တာပဲ” လို့ဆိုခဲ့ပါတယ်။

မီရှဲလ်ဟာ ကျန်းမာရေးလိုက်စားသူလည်းဖြစ်တယ်။ သူရဲ့ကျန်းမာရေးလိုက်စားတဲ့အကျင့်ကို ယနေ့အမေရိကန်အမျိုးသမီးတော်တော်များများက အတုယူနေပြီဖြစ်တယ်။ အပြေးလေ့ကျင့်၊ Yoga လုပ်တာအပြင် သူဟာ သမီးနှစ်ယောက်နဲ့အတူ တင်းနစ်ကစားပါသေးတယ်။ “သူ့ရဲ့ လက်သင့်ရိုက်ချက်(forehand)က အရမ်းကောင်းသလို လက်ပြန်ရိုက်ချက်(backhand)ကလည်း သန်တယ်”လို့ သူတို့ရဲ့နည်းပြဆရာကပြောပါတယ်။ မီရှဲလ်ရဲ့ “ထုဆစ်ထားတယ်လို့ထင်ရတဲ့ လက်ရုံးကြွက်သားနှစ်ခု” ကို အမေရိကန်သတင်းထောက်တွေက “အမေရိကန်ရဲ့အင်အားကိုပြတဲ့ သင်္ကေတ”လို့ တင်စားခဲ့ကြပါတယ်။

သမ္မတကတော်ဖြစ်ပြီးတဲ့နောက် မီရှဲလ်ဟာ အိမ်ဖြူတော်တံခါးကိုဖွင့်ခဲ့ပါတယ်။ ပရိသတ်ပြည်သူတွေနဲ့ ရင်းနှီးနွေးထွေးမှုရယူပြီး ကျန်းမာတဲ့အစားအစာ၊ ကျန်းမာတဲ့ဘဝနေထိုင်မှုတွေကို တိုးချဲ့ပြန့်ကားစေခဲ့ပါတယ်။ အားနွဲ့အုပ်စုနဲ့ ကလေးသူငယ်တွေရဲ့ လုံခြုံဘေးကင်းရေးကို ဂရုစိုက်ခဲ့ပါတယ်။ အိုဘားမားကိုအဖော်ပြုပြီး ကမ္ဘာ့အရပ်ရပ်လှည့်လည်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သူ့တစ်ယောက်တည်းလည်း လှည့်လည်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ကို “နှလုံးလှသံတမန်”၊ “ပရဟိတလေဒီ”အဖြစ် တင်စားခံခဲ့ရပါတယ်။ မီရှဲလ်ဟာ အမေရိကန်သမိုင်းမှာ အချောအလှဆုံး သမ္မတကတော်မဟုတ်ပေမယ့် သူဟာ ဆွဲဆောင်မှုအရှိဆုံးသမ္မတကတော်ဖြစ်တယ်လို့ပြောရင် ငြင်းဆန်မယ့်သူရှိမှာမဟုတ်ကြောင်း နယူးယောက်သတင်းစာက ပြောကြားခဲ့ပါတယ်။